တရုတ်နိုင်ငံ၏မော်တော်ကားကုမ္ပဏီ Geely Auto မှ Geely EX5 မော်ဒယ်ကို အင်ဒိုနီးရှားစျေးကွက်အတွက် ၎င်း၏ပထမဆုံးမော်ဒယ်အဖြစ် ဇန်နဝါရီ ၂၃ ရက်နေ့ကမိတ်ဆက် ခဲ့သည်။ အင်ဒိုနီးရှားသည်စမတ်ကျပြီး ရေရှည်တည်တံ့သော ရွှေ့လျှားသွားလာမှုအတွက် ဗဟိုချက်ဖြစ်လာရန် အလားအလာကောင်းများရှိကြောင်း အခိုင်အမာယုံကြည်ထားပြီး Geely သည်နည်းပညာရေရှည်တည်တံ့မှုနှင့်ထူးခြားသောမောင်းနှင်မှု အတွေ့အကြုံကိုဦးစားပေးသည့် ရွှေ့လျားသွားလာမှုဆိုင်ရာဖြေရှင်းချက်များအားပေးဆောင်ရန် အဆင်သင့်ရှိကြောင်း Geely Auto International Corporation ၏ဒုတိယ ဥက္ကဌ Evin Ye က ပြောကြားခဲ့သည်။ သူ၏အဆိုအရ ကုမ္ပဏီသည်ကျွန်းစုနိုင်ငံ၌ ဒေသန္တရမော်တော်ယာဥ် ထုတ်လုပ်ရန်အတွက် စက်ရုံတစ်ရုံကို တည်ထောင်ပြီး ၂၀၂၅ ခုနှစ်တတိယ သုံးလပတ်တွင် စတင်ထုတ်လုပ်နိုင်ရန်စီစဥ်ထားသည်။ ရင်းနှီးမြှုပ်နှံမှုနှင့်မြေအောက်စက်မှုဝန်ကြီးဌာနမှ အရှေ့အာရှ၊ တောင်အာရှ၊ အရှေ့အလယ်ပိုင်း နှင့် အာဖရိကရင်းနှီးမြှုပ်နှံမှုမြင့်တင်ရေး ဒါရိုက်တာ Cahyo Purnomo က တရုတ်၏ရင်းနှီးမြှုပ်နှံ မှုသည် ဆက်လက်တိုးတက်လာနေပြီးအထူးသဖြင့် အင်ဒိုနီးရှား၏ စက်မှုဖွံဖြိုးတိုးတက်ရေး အတွက် အထူးသဖြင့်လျှပ်စစ်ကားကဏ္ဍတွင်အရေးကြီးသောအစိတ် အပိုင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ Geely Auto သည်နိုင်ငံပေါင်း ၁၀၀ ကျော်တွင် လုပ်ငန်းများလည်ပတ်နေသော တရုတ်နိုင်ငံ HongZhou အခြေစိုက်မော်တော်ယာဥ်ထုတ်လုပ်သူ Geely Holding Group ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည်။
DOCA(ရန်ကုန်)