ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းမျာသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ဇန္နဝါရီလ(၉)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ဖျာပုံမြို့တွင်းရှိဘိလပ်မြေ အရောင်းဆိုင်များသို့ ဈေးနှုန်းဈေးကွက်အခြေအနေနှင့် မြေပြင်လက်ကျန် အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်ဘိလပ်မြေလက်လီ၊လက်ကားအရောင်းဆိုင်များအား ရောင်းချ သည့်အမျိုးအစား၊အမျိုးအစားအလိုက်ယခင်လရောင်းဈေးနှင့် ယခုလရောင်းဈေး၊ ဆိုင်တွင်း လက်ကျန် အရေအတွက်၊ ဘိလပ်မြေ ပြတ်လပ်မှုရှိ/မရှိ တို့ကိုကွင်းဆင်းစစ်ဆေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)