ညောင်တုန်းမြို့နယ်အတွင်း ရှိ ဆန်/စပါး သိုလှောင်ရုံများအား တရားမဝင်ကုန်သွယ်မှု ဆန်/စပါးများသိုလှောင်မှု ရှိ/မရှိကို ဌာနဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ သိုလှောင်ထားရှိမှု အခြေအနေများအား စစ်ဆေးခြင်း

Powered by Drupal

ညောင်တုန်းမြို့နယ် တရားမဝင်ကုန်သွယ်မှု အထူးတိုက်ဖျက်ရေးမအဖွဲ့သည် (၂၄.၁.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မြို့နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ညောင်တုန်း၊ ဆားမလောက်လမ်း၊ ရှိ  ဆန်စက်များနှင့် ဆန်သိုလှောင်ရုံများအား တရားမဝင် သိုလှောင်ထားခြင်းရှိ/မရှိနှင့်  ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းရာတွင် ဖြူစင်သန့်ဆန်စက်၊ နတ်ပေး ထူးဇေအောင်ဆန်စက်၊ လှဖုန်းဆန်စက်၊ GoodBrotherဆန်စက်၊ ရွှေဝ့နဒီဆန်စက်နှင့် သိုလှောင်ရုံများအား မြို့နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ စပါး/ဆန် သိုလှောင်ရုံအတွင်း သိုလှောင်လျက်ရှိသော စပါး/ဆန် များကို ပွင်းလင်းရာသီတွင် မြို့နယ်တွင်းစိုက်သော စပါးများကို  ပုံမှန်ဝယ်ယူ တရားဝင် ကြိတ်ခွဲထုတ်လုပ်လျက်ရှိပြီး ကိုယ်တိုင်ကြိတ်ခွဲသော ဆန်များကိုသာ သိုလှောင်ထားကြောင်း တွေ့ရှိရပြီး ဆန်တင်ပို့မှုအနေဖြင့် ရန်ကုန်သို့ ဆရားဝင် ကုန်ရပြေစာဖြင့် တင်ပို့ရကြောင်းနှင့် တားမြစ်ဒေသများသို့ တင်ပို့ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ သိုလှောင်ထားသော စပါး/ဆန်များသည် ဆန်တန်ချိန် (၂၅)တန်နှင့်အထက် (သို့မဟုတ်) စပါးတင်း (၂၅၀၀)နှင့်အထက် သိုလှောင်ရုံ ပိုင်ဆိုင်သူ ဆန်စက်များ သည် www.myro.com.mm တွင်မှတ်ပုံတင်ထားရှိပြီးဖြစ်ကြောင်း တွေ့ရှိရပြီး၊  မှတ်ပုံတင်လျောက် ထားသည့် အချက်အလက်များအတိုင်း ကိုက်ညီမှုရှိစွာသိုလှောင်ထားကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

စစ်ဆေးရေးအဖွဲ့မှ တရားမဝင်ကုန်စည်များကို သိုလှောင်မှု မပြုရန်နှင့်၊  ဆန်ဈေးနှုန်းများကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချနိုင်စေရေး၊ လက်လီအရောင်းဆိုင်များကိုလည်း သတ်မှတ် ရည်ညွှန်းဈေးထက် အမြတ် ၈% ထက်ကျော်လွန် ရောင်းချခြင်း မဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များ ပြတ်လပ်မှုမရှိစေရေးတို့ကို ပြောကြားခဲ့ကြောင်း သတ်မှတ်ချက်အတိုင်းလိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်ခံရမည်ဖြစ်ကြောင်း၊ ယခုလို စစ်ဆေးဆောင်ရွက်မှုမျာကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရပါသည်။

DOCA (ဧရာဝတီ)