အခြေခံကျောင်း မုန့်ဈေးတန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်းရောင်းချဖြန့်ဖြူးလျက်ရှိသော ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာ အချက်များပြည့်စုံမှန်ကန်စွာ ပါရှိရေးအတွက် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီး ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရ သည်။ ထိုသို့ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ (၂၁.၁.၂၀၂၅ )ရက်နေ့၊ နေ့လည် ၁၃:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ မြင်းခြံ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့ပေါ်ရှိ အမှတ်(၂)အခြေခံပညာအလယ်တန်း ကျောင်းနှင့် အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချလျက်ရှိသော စားသောက်ကုန်များ သန့်ရှင်း လတ်ဆတ်မှုရှိစေရေး၊ ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်မှုရှိသော စားသောက် ကုန်များ အစဉ်တစိုက်ရောင်းချနိုင်ရေး သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်များ၊ ကျောင်းတာဝန်ခံများနှင့် ပူးပေါင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြပြီး စစ်ဆေးဆောင်ရွက်ရသည့် လုပ်ငန်းစဉ်နှင့်ရည်ရွယ်ချက်များအား အဆိုပါ ကျောင်းများရှိ ဆရာ/ဆရာမများနှင့် ကျောင်းမုန့် ဈေးတန်းရောင်းချသူများသို့ ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများကိုလည်း မြို့ပေါ်ရှိ စက်ရုံ၊ အလုပ်ရုံ၊ ဈေးနှင့်ရပ်ကွက်ကုန်စုံဆိုင်များ သို့လည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရ သည်။

DOCA(မန္တလေး)