
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်ရာတွင် မြေပြင်လုပ်ငန်း နှင့်မှတ်ပုံ တင်ထားရှိမှု ကိုက်ညီမှုရှိ/မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/မရှိကို ၂၈.၁.၂၀၂၅ ရက်နေ့ နံနက်(၁၀:၄၅) အချိန်တွင် “ဆု ရွှေနှင့်လက်ဝတ်ရတနာ” အမှတ်(၇၅/က)၊ ဧရာဝတီပတ်လမ်း၊ အင်းဝပန်းခြံ၊ (၆/၉)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်သို့ သွားရောက်၍ အွန်လိုင်းမှတ်ပုံတင် မြေပြင် စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းမှတ်ပုံတင်ရာတွင် ထည့်သွင်းလျှောက်ထားသည့် အချက်အလက်များအား မြေပြင်စစ်ဆေးသည့်အချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)