မော်လမြိုင်ပညာရေးကောလိပ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်

Powered by Drupal

          ၂၈.၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်သည် မွန်ပြည်နယ် ပညာရေးမှူးရုံးမှ ကြီးမှူးပြီး မော်လမြိုင် ပညာရေးကောလိပ်တွင် ကျင်းပသော ၂၀၂၅ ခုနှစ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အတွက်စဉ်ဆက်ပညာရေး လုပ်ငန်းဆောင်ရွက်ရန် ပြည်နယ်အဆင့် နည်းပြနှင့် ကြီးကြပ်သင်တန်းသို့ သွားရောက်၍ ပညာရေးဝန်ထမ်းများအား စားသုံးသူကာကွယ် ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ ပါသည်။

          အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူကာကွယ်ရေး ဥပဒေပါသိကောင်းစရာအကြောင်းအရာများ ဖြစ်သည့် စားသုံးသူ အခွင့်အရေး (၈) ချက်နှင့် စားသုံးသူများလိုက်နာရမည့် တာဝန်(၄)ချက်၊ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်(၁၁)ချက်၊ ဥပဒေ၏ အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြား နိုင်ကြောင်း၊ တိုင်ကြားနိုင်သည့်နေရာနှင့် တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ ကုန်အညွှန်းအမှတ် အသားနှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့အား အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ ပညာရေးမှ နည်းပြနှင့် သင်တန်းသား/သူ (၅၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA(မွန်)