မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ဈေးနှုန်းအခြေအနေနှင့် ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် (၂၈.၁.၂၀၂၅)ရက်နေ့ နေ့လည်(၁:၃၀)အချိန်တွင် မော်ကျွန်းမြို့နယ် အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များအား ဈေးနှုန်းအခြေအနေနှင့် ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ် တာဝန်ခံမှ အိမ်ဆောက်ပစ္စည်းဖြန့်ဖြူးရောင်းချလျက်ရှိသော (ထွန်းထွန်း) အိမ်ဆောက်ပစ္စည်းဆိုင်၊ (ဦးဝင်းအောင်) အိမ်ဆာက်ပစ္စည်းဆိုင်နှင့် (ရတနာလွင်) အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့  ဆိုင်ပိုင်ရှင်များနှင့် သွားရောက်တွေ့ဆုံ၍ ဘိလပ်မြေအမျိုးအစားများအလိုက် လက်လီ/လက္ကားဈေးနှုန်းများ၊ ယခင်လ/ယခုလ ကွာခြားချက်ဈေးနှုန်းများ အတက်အကျဖြစ်သည့် အကြောင်းအရင်းများ၊ မြေပြင်လက်ကျန် အခြေအနေများ၊ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ၊ ဈေးကွက်အခြေအနေများအား မြေပြင်တွင်ကွင်းဆင်း စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင် များအားလက်ကျန်ပစ္စည်းများကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားရှိခြင်းများ မပြုလုပ်ကြရန် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် ဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေး ပြောကြား ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)