ကျိုက်လတ်မြို့ထွေအုပ်ရုံးတွင် (၃)ရပ်ကွက်ပြည်သူများအား online sale အရောင်း/အဝယ် ပြုလုပ်ခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌနရုံးတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက် နေ့တွင် (၃) ရပ်ကွက် ပြည်သူများအား online sale  အရောင်း/အဝယ် ပြုလုပ်ခြင်းဖြင့် စားသုံးသူများ နစ်နာမှု မရှိစေရန် အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            သို့ဖြစ်ပါ၍ မြို့နယ်တာဝန်ခံသည် online မှ ရောင်းချသူများ အနေဖြင့် မှတ်ပုံတင်ဆောင်ရွက်ထားရှိ ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ရာတွင် မိမိဖုန်းဖြင့် online တွင် ဝင်ရောက်မှတ်ပုံတင်ရမည် ဖြစ်ကြောင်း၊ မှန်ကန်သည့် ကိုယ်ရေးအချက်အလက်နှင့်တကွ သက်ဆိုင်ရာထောက်ခံချက်များ ပြည့်စုံစွာ ပေးဆောင်ရမည် ဖြစ်ကြောင်းနှင့် မှတ်ပုံတင်ထားမှု့ မရှိသော online ရောင်းဝယ်မှုများအား အရေးကြီးကုန်စည် ဥပဒေအရ အရေးယူနိုင်ပြီး တရားဝင်မဟုတ်သော online sale များမှ ဝယ်ယူခြင်းမပြုကြရန် အသိပေး ပြောကြားခဲ့သည်ဟု သိရှိရသည်။

DOCA(ဧရာဝတီ)