ကျိုက်လတ်မြို့ ပင်စင်စားများအား ထောက်ပံ့စောင့်ရှောက်မှု့ပေး

Powered by Drupal

            ကျိုက်လတ်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ကျန်းမာရေးဦးစီးဌာန၊ကြက်ခြေနီအသင်း၊မီးသတ်ဦးစီးဌာန၊မွေးမြူရေးနှင့်ကုသ‌‌ေရး ဦးစီးဌာန တို့ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့တွင် ပင်စင်စားအဘိုး/အဘွားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု့၊ ဆန်၊ဆီ၊ကြက်ဥများအား သက်သာဈေးဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

            ပင်စင်စား အဘိုး/အဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် သွေးပေါင်ချိန်ခြင်း၊ ဆီချိုသွေးချို စစ်ဆေးပေးခြင်း၊ ဆီချိုဆေးများ တစ်လစာ အခမဲ့ထုတ်ပေးခြင်းနှင့် အထွေထွေရောဂါများ စစ်ဆေးဆောင်ရွက် ပေးမှု၊ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် တစ်ဦးလျှင် ဆီတစ်ပိဿာ (၇၈၀၀)ကျပ်နှုန်း၊ ကြက်ဥတစ်လုံးလျှင် (၃၅၀)ကျပ်နှုန်း၊ ဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)