မြန်မာနိုင်ငံသည် လယ်ယာစိုက်ရေးကိုအခြေခံသော နိုင်ငံတစ်ခုဖြစ်သည်နှင့် အညီ စပါး၊ ပဲ၊ပြောင်း၊နှမ်းအစရှိသော သီးနှံများနှင့် ကြံ၊ ကော်ဖီ၊ ဂေါ်ဖီထုပ်၊ပန်းမုံလာ စသောသီးနှံများလည်း နေရာဒေသအလိုက် စိုက်ပျိုးလျက်ရှိပါသည်။ သီးနှံများစိုက်ပျိုးရာတွင် ရာသီဥတုနှင့် သီးနှံအမျိုး အစားအလိုက် သဘာဝမိုးရေနှင့် ဆည်ရေကို အဓိကအားထား စိုက်ပျိုးကြသော်လည်း အပင်များ ဖြစ်ထွန်းအထွက်တိုးရန်အတွက်သဘာဝမြေဩဇာဖြစ်သည့် နွားချေးနှင့် ကြက်ချေးများကိုလည်း ကောင်း၊ရေနံထွက်ပစ္စည်းမှထုပ်လုပ်သောဘေးထွက်ပစ္စည်းဖြစ်သည့် ယူရီးယားနှင့် ပုလဲဓာတ်မြေ ဩဇာများကိုလည်းကောင်း အသုံးပြုလျက်ရှိပါသည်။
ဓာတ်မြေဩဇာများမှာအမျိုးအစားအလိုက် ပင်သန်အမှတ်တံဆိပ် ဓာတ်မြေဩဇာ(50kg) တစ်အိတ်လျှင် (၉၁၀၀၀)ကျပ်၊ရေမြင်း အမှတ် တံဆိပ် ဓာတ်မြေဩဇာ(50kg) တစ်အိတ်လျှင် (၁၀၁၀၀၀)ကျပ်နှင့်ဖြိုးမောက်အမှတ်တံဆိပ်ဓာတ်မြေဩဇာ(50kg) တစ်အိတ်လျှင်(၁၁၃၀၀၀)ကျပ် ဝယ်ယူရကြောင်းစိုက်ပျိုးရေးလုပ်ကိုင်သူတစ်ဦးထံ မှသိရှိ ရ ပါသည်။ယခုအခါဓာတ်မြေဩဇာများ အပြင်ဈေးနှုန်းသက်သာသည့် သဘာဝမြေဩဇာ ဖြစ်သော နွားချေးများကိုလည်းသီးနှံစိုက်ပျိုးရာ တွင် အစားထိုး အသုံးပြုလာကြောင်းလည်း ထပ်မံသိရှိ ရပါသည်။
သဘာဝမြေဩဇာနွာချေးများကိုမန္တလေးတိုင်းဒေသကြီး၊စဉ်ကိုင်မြို့နယ်၊စွန်ရဲအင်းကျေးရွာ ရှိနွားမွေးမြူရေးခြံများမှလည်းကောင်း၊အမရပူရမြို့နယ်ရှိ ရှားတောလေးကျေးရွာမှလည်းကောင်း၊ ပုသိမ်ကြီးမြို့နယ်ရှိကျေးရွာများမှလည်းကောင်း ဝယ်ယူစုဆောင်းပြီး တင်ပို့သည့်ဒေသများအနေ ဖြင့်မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့နယ် အနီးတစ်ဝိုက်ရှိကျေးရွာများ ဖြစ်သော ဖော့တော၊ မျှော၊ပင်လိန်၊သုံးတောင်၊ပြင်စာနှင့် ညောင်တစ်ခေါ်ကျေးရွာများရှိ ကော်ဖီစိုက်ခင်းများ၊ဂေါ်ဖီထုပ်၊ ပန်းမုံလာစိုက်ခင်းနှင့် ဂန္ဓာမာပန်းမျိုးစုံစိုက်ခင်းများအတွက် မှာယူအသုံးပြုကြကြောင်း သိရှိရပါ သည်။ နွားချေး(အလျား၁၄ပေ၊အနံ၆ပေ၊အမြင့်၄ပေ)ရှိ ကားတစ်စီးလျှင်လုပ်သားခ၊ ကားခ အပါ သယ်ယူစရိတ်ငွေ ကျပ်(၅)သိန်းခွဲမှ(၆)သိန်းအထိ ခရီးအနီးအဝေးအလိုက် ပေါက်ဈေးရှိကြောင်း နွားချေး ရောင်းဝယ်ပြုလုပ်သည့် ကုန်သည်တစ်ဦးထံမှသိရှိရပါသည်။ ၎င်း၏ပြောကြားချက်အရ နေ့စဉ်၎င်းဒေသများသို့နွားချေးကားအကြီးအသေးတစ်ရက်လျှင်ပျမ်းမျှအစီးရေ(၂၀)ခန့် ပို့ဆောင် လျက်ရှိပြီး အရောင်းအဝယ်ကောင်းလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)