မြင်းခြံမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံ ခရိုင်ဦးစီးမှူနှင့်ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၈.၁.၂၀၂၅)ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် မြင်းခြံမြို့ရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ (၇၈)ကြိမ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဆောင် ရွက်ခဲ့ပါသည်။

          မြင်းခြံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးနွဲ့ (လက်ထောက်ညွှန်ကြားရေးမှူး) က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်တက်ကြွစေရန်အကြောင်းအရာများ၊ စာအုပ် စာပေဖတ်ရှု့ခြင်း၏ အကျိုးကျေးဇူးများအကြောင်းတို့ကို အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက် ညွှန်ကြားရေးမှူး)က ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲကြရန်၊ ဝယ်ယူရာတွင် စိစစ်ကြည့်ရှု့မှုအလေ့ အကျင့်များရှိစေရန် လိုအပ်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ အွန်လိုင်း စနစ်ဖြင့် ရောင်းချခြင်းများ၏ အားသာချက်၊ အားနည်းချက်များ၊ လိမ်လည်နိုင်သည့်ပုံစံများ၊ ကုန်အညွှန်းအမှတ်အသားများကို ကျောင်းသားကျောင်းသူများအနေဖြင့် ကြည့်ရှု့ဝယ်ယူ တတ်စေရန် အမေးအဖြေများပြုလုပ်၍ ဆွေးနွေးခြင်း၊ စားသုံးသူများ နစ်နာဆုံးရှံးမှုများရှိပါက Consumer Cell Center 1535 သို့ဖုန်းခေါ်ဆိုခြင်းများ ပြုလုပ်၍ တိုင်ကြားလို့ရသည်ကို လက်တွေ့ဖုန်းခေါ်၍ရှင်းလင်းဆွေးနွေး ခဲ့သည်။ ဟောပြောပွဲသို့   ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းမုန့်ဈေး ရောင်းချသူများ စုစုပေါင်း(၂၆၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် ဟောပြောဆွေးနွေးမှုအပြီးတွင်  ခရိုင်ဦးစီးမှူးဦးဆောင်၍ ကျောင်းကျန်းမာရေးအဖွဲ့နှင့်အတူ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော ကုန်စည်များကို စစ်ဆေးခဲ့ကြောင်းသိရသည်။

DOCA(မန္တလေး)