ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ (၂၇-၁-၂၀၂၅) ရက်နေ့တွင် ဘိလပ်မြေပြတ်လပ်မှု ရှိ/မရှိ ဘိလပ်မြေအရောင်းဆိုင်သို့ကွင်းဆင်းစိစစ်ဆောင် ရွက်ခဲ့ပါသည်။
ကယားပြည်နယ်သို့ ဘိလပ်မြေဝယ်ယူသယ်ဆောင်ရာတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ရှိ ရှမ်းရိုးမကုမ္ပဏီနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ညောင်ရှိ အပါချီကုမ္ပဏီတို့မှ ဝယ်ယူသယ် ဆောင်လျက်ရှိပါသည်။ယခုအခါ အဆိုပါကုမ္ပဏီများသို့ အခြားဒေသများမှ ဝယ်ယူမှုများပြား လာသဖြင့် တန်းစီစောင့်ဆိုင်းဝယ်ယူရပါကြောင်း၊ ဝယ်ယူရန်ခက်ခဲလာသဖြင့် ဒေသတွင်း ဘိလပ်မြေဈေးနှုန်း မြှင့်တက်လျက်ရှိပြီး ဘိလပ်မြေဈေးနှုန်းများမှာ ရှမ်းရိုးမ(၁)အိတ်လျှင် (၂၇၀၀၀)ကျပ်၊ အာပါချီ(၁) အိတ်လျှင် (၂၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါ ကြောင်းနှင့် ယခုလက်ရှိတွင် ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုမရှိသော်လည်း ဝယ်ယူရန် ခက်ခဲပြီး ဈေးနှုန်းမြှင့်တက်ခြင်းကြောင့် ဘိလပ်မြေများ ပြတ်လပ်မှုရှိလာနိုင်ပါကြောင်း ကွင်းဆင်းစစ်ဆေးခဲ့သော ဘိလပ်မြေအရောင်းအဝယ်ပြုလုပ်နေသူ ဦးကံချားထံမှ သိရှိရပါသည်။
DOCA(ကယား)