![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/3_126.jpg?itok=JZQFyz9k)
၃၀.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်မိရင်စနိုင်းမွန်၊ မော်လမြိုင်ခရိုင် ဦးစီးမှူး ဒေါ်ဝါဝါမြိုင်နှင့် ဝန်ထမ်းများသည် မော်လမြိုင်တက္ကသိုလ်တွင် စားသုံးသူကာကွယ် ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချစ်စိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်မိရင်စနိုင်းမွန်က အွန်လိုင်းမှတဆင့်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခြင်း၊ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူကာကွယ်ရေး ဥပဒေပါသိကောင်းစရာအကြောင်းအရာများ ဖြစ်သည့် စားသုံးသူ အခွင့်အရေး (၈) ချက်နှင့် စားသုံးသူများလိုက်နာရမည့် တာဝန်(၄)ချက်၊ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်(၁၁)ချက်၊ ဥပဒေ၏ အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြား နိုင်ကြောင်း၊ တိုင်ကြားနိုင်သည့်နေရာနှင့် တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ ကုန်အညွှန်းအမှတ် အသားနှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့အား အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး တက်ရောက်လာ သူများက သိလိုသည်များမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၀၀) ဦး တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။
DOCA(မွန်)