ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှု ၂၀ ရာခိုင်နှုန်းကျော် ကျဆင်းလျက်ရှိ

Powered by Drupal

 

          ယခုနှစ်တွင် ထိုင်းနိုင်ငံ၏ဆန်တင်ပို့မှုသည် ၂၄ ရာခိုင်နှုန်းခန့် လျော့နည်းပြီး တန်ချိန် ၇.၅ သန်းသို့ ကျဆင်းဖွယ်ရှိကြောင်း ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၈ ရက်နေ့တွင်ထုတ်ပြန်ခဲ့ပါသည်။

          အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှု ပြန်လည်ဦးမော့လာခြင်းနှင့် အခြားဆန်ထုတ်လုပ်သည့်နိုင်ငံ များမှ တင်ပို့မှုတိုးမြှင့်လာခြင်းတို့ကြောင့် ထိုကဲ့သို့ လျှော့ချခန့်မှန်းခြင်းဖြစ်ကြောင်း နိုင်ငံခြား ကုန်သွယ်ရေးဦးစီးဌာန၏ အကြီးအကဲဖြစ်သူ Arada Fuangtong က သတင်းစာရှင်းလင်းပွဲတစ်ခု တွင် ပြောကြားခဲ့ပါသည်။ ရာသီဥတု ခြောက်သွေ့မှုအခြေအနေ လျော့ပါးသက်သာလာခြင်းက သီးနှံအထွက်တိုးတက်မှုကို အထောက်အပံ့ပြုမှုနှင့်အတူ  အင်ဒိုနီးရှားနိုင်ငံကဲ့သို့ ဆန်ကို အဓိက တင်သွင်းနေသည့်နိုင်ငံများမှ ဝယ်လိုအား ကျဆင်းလျက်ရှိသည်ဟု အဆိုပါ ဝန်ကြီးဌာနက ဖော်ပြ ထားပါသည်။

          အိန္ဒိယနိုင်ငံ၏နောက်တွင် ဒုတိယမြောက် ကမ္ဘာ့အများဆုံး ဆန်တင်ပို့သည့် ထိုင်းနိုင်ငံ အနေဖြင့် ဒီဇင်ဘာလတွင် ဆန်တင်ပို့မှု ၇.၁ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ၆ နှစ်တာကာလ အတွင်း အမြင့်ဆုံးအဖြစ် ၂၀၂၄ ခုနှစ်၌ ဆန်တန်ချိန် ၉.၉၅ သန်း တင်ပို့လျက် နှစ်အလိုက် တိုးတက်မှု ၁၃.၄ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရှိရပါသည်။

Source : Bangkok Post , 28 Jan 2025 လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)