သီရိလင်္ကာနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် လက်ဖက်ခြောက်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၄၃ ဘီလီယံရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၉% ကျော်တိုးမြင့်လာခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၂၉ ရက်နေ့က ဖော်ပြချက်အရသိရသည်။
သီရိလင်္ကာနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် လက်ဖက်ခြောက် ကီလိုဂရမ် ၂၄၅.၇၉ သန်းတင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်ကတင်ပို့ခဲ့သော လက်ဖက်ခြောက်ကီလိုဂရမ် ၂၄၁.၉၁ သန်းထက်ပိုများလာကြောင်း၊ ၂၀၂၄ ခုနှစ်တွင်လက်ဖက်တစ်ကီလိုဂရမ်လျှင် ၅.၄၈ ဒေါ်လာ ရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ၏ဖော်ပြချက်အရသိရသည်။
လက်ဖက်သည်သီရိလင်္ကာနိုင်ငံ၏ အဓိကနိုင်ငံခြားဝင်ငွေ ထုတ်လုပ်ပေးသည့် ကဏ္ဍဖြစ်ပြီး ဒေသတွင်း အစီအရင်ခံစာများအရ အီရတ်သည် သီရိလင်္ကာနိုင်ငံမှလက်ဖက်အများဆုံး တင်သွင်း နေသောနိုင်ငံဖြစ်ပြီး ၎င်း၏နောက်တွင် ရုရှားနှင့် ယူအေအီးတို့မှ ရပ်တည်လျက်ရှိကြောင်းသိရှိပါသည်။
Source : Xinhua
DOCA(ရန်ကုန်)