အိုမန်နိုင်ငံ၏ ရေနံတင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် စည်ပေါင်း ၃၀၈.၄၂ သန်းခန့်ရှိပြီးတစ်စည် လျှင်ပျမ်းမျှစျေးနှုန်း ၈၁.၂ ဒေါ်လာရှိကြောင်း အမျိုးသားစာရင်းအင်းနှင့် သတင်းအချက်အလက် ဗဟိုဌာန (NCSI) မှ ဖေဖော်ဝါရီ ၁ ရက်နေ့က ထုတ်ပြန်သည့်စာရင်းဇယားများအရသိရသည်။
နိုင်ငံ၏စုစုပေါင်းရေနံထုတ်လုပ်မှုမှာစည်ပေါင်း ၃၆၃.၂၈ သန်းရှိပြီး ၎င်းစုစုပေါင်းမှ ၈၄.၉ ရာခိုင်နှုန်းအား တင်ပို့လျှက်ရှိသည်။ ရေနံစိမ်းထုတ်လုပ်မှုမှာ ခန့်မှန်းခြေစည် ၂၇၈.၁၉ သန်းမှ ၆.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကွန်ဒန်ဆိတ်ထုတ်လုပ်မှုမှာ စည်ပေါင်း ၈၅.၂၆ သန်းအထိရှိခဲ့သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိနိုင်ငံ၏ ပျမ်းမျှနေ့စဥ်ရေနံထွက်ရှိမှုသည် စည်ပေါင်း ၉၉၂၆၀၀ ဖြစ်သည်။
NCSI ၏ အဆိုအရတရုတ်နိုင်ငံသည် အိုမန်နိုင်ငံမှ ရေနံများအား အများဆုံးတင်သွင်းနေသော နိုင်ငံဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် စည်ပေါင်း ၂၈၉.၂၁ သန်းတင်သွင်းခဲ့ကာ ၂၀၂၃ ခုနှစ်ကတင်သွင်းသည် ထက် ၁.၃ ရာခိုင်နှုန်းတိုးလာခဲ့သည်။ ၎င်း၏နောက်တွင် တောင်ကိုရီးယားနိုင်ငံမှ စည်ပေါင်း ၅.၇၆ သန်း၊ ဂျပန်နိုင်ငံမှ ၅.၆၅ သန်းနှင့် အိန္ဒိယနိုင်ငံမှ ၃.၄၀ သန်း အသီးသီးတင်သွင်းခဲ့ကြကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)