ဂျပန်ကုမ္ပဏီသည် ကမ္ဘောဒီးယား၏ သီဟိုဠ်စေ့ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် မျက်စိကျနေ

Powered by Drupal

            ဂျပန်ကုမ္ပဏီ Nippon Koei Business Partners သည် သီဟိုဠ်စေ့နှင့် အခွံများကို ရှာလကာရည်နှင့် ဆီအဖြစ်ပြုပြင်ခြင်းတွင်အသုံးပြုရန် ကမ္ဘောဒီးယားနိုင်ငံ၏သီဟိုဠ်စေ့ ထုတ်လုပ်တင်ပို့ခြင်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်အတွက် စိတ်ဝင်စာမှုကိုပြသခဲ့ပြီး ကျန်ရှိသောစွန့်ပစ်ပစ္စည်းများကို တိရိစ္ဆာန်စာအဖြစ်ပြန်အသုံးပြုမည်ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးကောင်စီ (CDC) ၏ ကမ္ဘောဒီးယားရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ အတွင်းရေးမှူးချုပ် Chea Vuthy နှင့် Nippon Koei Business Partners Co., Ltd ၏ ဒုတိယအထွေထွေ မန်နေဂျာ Tsutomu Tamura တို့ ၂၉-၁-၂၀၂၅ ရက်နေ့က နေတွေ့ဆုံစဉ် ကုပ္ပဏီ၏စိတ်ဝင်စားမှုကို ပြောကြားခဲ့သည်။ Tsutomu Tamura က သီဟိုဠ်စေ့ကဏ္ဍတွင် တင်ပို့ရန်အတွက် ရင်းနှီးမြှုပ်နှံ ရန်အတွက် စိတ်ဝင်စားကြောင်းပြောကြားခဲ့ပြီး သီဟိုဠ်စေ့စိုက်ပျိုးခြင်းအတွက် အဓိကကျသော ပြည်နယ်များနှင့် သီဟိုဠ်စေ့စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများကိုပြောကြားခဲ့ပြီး သီဟိုဠ်စေ့ ကဏ္ဍ၏ အလားအလာနှင့်ပတ်သက်၍ ကိုယ်စားလှယ်အဖွဲ့အား ရှင်းလင်းပြောကြားခဲ့သည်။ (CDC) အနေဖြင့်  ကမ္ဘောဒီးယားနိုင်ငံသည် လက်ရှိသီဟိုဠ်စေ့ထုတ်လုပ်ခြင်း လုပ်ငန်းကဏ္ဍကို ဦးစားပေးလုပ်ဆောင်နေသောကြောင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆုံးဖြတ်ချက်များ အမြန်ချနိုင်ရန် ကုမ္မဏီအား အဓိကတိုက်တွန်း ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)