ဒုတိယပြည်နယ်ဦးစီးမှူးသည် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

၁.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ ပြည်တွင်ကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲ တာဝန်ခံတို့သည် မုဒုံမြို့နယ်၊ သာယာကုန်းကျေးရွာရှိ Sen Huiyuan International Trading Co.,Ltd ၏သစ်အချောထည်စက်ရုံသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေတို့အား ကွင်းဆင်းကြည့်ရှုခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်အား ကုန်ကြမ်းဝယ်ယူမှုအခြေအနေ၊ ကုန်ထုတ်လုပ်မှုအဆင့်ဆင့်၊ ဈေးကွက်၊ ဈေးနှုန်းအခြေအနေ၊ အလုပ်အကိုင်ဖန်တီးပေးနိုင်မှု အခြေအနေများအား ဆွေးနွေးမေးမြန်းရာ စက်ရုံတာဝန်ရှိသူက ကုန်ကြမ်းဖြစ်သော ရော်ဘာ သစ်လုံးများကို ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်မြို့နယ်များမှ တစ်တန်လျှင် အရွယ်အစားပေါ် မူတည်၍ (၈၀၀၀၀) ကျပ်မှ (၃၈၀၀၀၀) ကျပ်ထိရှိကြောင်း၊ အဆိုပါ သစ်လုံးများကို စက်ရုံ၌ ခွဲစိတ်ခြင်း၊ ဆေးစိမ်ပေါင်းခံခြင်း၊ အခြောက်ခံခြင်း၊ ပါကင်ထုပ်ပိုးခြင်း၊ ပြည်ပတင်ပို့ခြင်းကို အဆင့်ဆင့်ပြုလုပ်ကြောင်း၊ ထုတ်လုပ်မှုအခြေအနေဖြင့် အမှာစာပေါ်မူတည်ပြီး ထုတ်လုပ် ကြောင်း၊ ကုန်ချောများကို တရုတ်နိုင်ငံသို့ 1 cubic meter လျှင် ၁၃၀ ဒေါ်လာဖြင့် ရောင်းချကြောင်း၊ အလုပ်အကိုင်ဖန်တီးမှုအနေဖြင့် လုပ်သား (၁၂၀) ဦးအား အလုပ်ခန့်ထား ပေးနိုင်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)