
၃.၂.၂၀၂၅ ရက်နေ့ နံနက် (၉:၄၅)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အမှတ်(ဈ)/၂)၊ နံ့သာကုန်းရပ်ကွက်၊ သာယာကုန်းလမ်း၊ အင်းစိန်မြို့နယ်ရှိ ဂုဏ်ရည်ဆေးတိုက်သို့ အွန်လိုင်းမှတ်ပုံတင်မြေပြင် စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက ဂုဏ်ရည်ဆေးတိုက်ပိုင်ရှင် ဦးသန်းထိုက်အောင်နှင့်တွေ့ဆုံကာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ၊ လျှောက်လွှာ နှင့် မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)