တိုက်ကြီးမြို့နယ်တွင် စားအုန်းဆီရောက်ရှိမှု ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲ တာဝန်ခံဒေါ်တင်တင်ဌေးသည် ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက် ည(၈:၀၀၀)အချိန်တွင် လန်းလန်းဆန်းဆန်းကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ (၄၈)လုံး ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တိုက်ကြီးမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/ လက္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/ လက္ကားဆိုင်များမှ စားသုံးသူ ပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည် ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော လက်လီ/လက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါ သည်။

DOCA(ရန်ကုန်)