စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးဝင်းနိုင်နှင့် ဝန်ထမ်းများသည် (၃.၂.၂၀၂၅) ရက်နေ့ ၊နံနက်(၁၁:၀၀)အချိန်တွင် ဝါဝါအွန်လိုင်းတိုင်းရင်းဆေး ပစ္စည်အရောင်းဆိုင် Online Sale လုပ်ငန်း၊ အမှတ် -၁၄၆ ၊ (၄)လွှာA၊ အထက်ပုဇွန်တောင် လမ်း၊ တောင်လုံးပြန် ရပ်ကွက်၊မင်္ဂလာတောင်ညွှန့်မြို့နယ်သို့သွားရောက်၍ Online Sale မှတ်ပုံတင် မြေပြင် စစ်ဆေးခြင်း ဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များနှင့် ဆွေးနွေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည် ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြု ထုတ်ပေးလျက်ရှိကြောင်း ၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်း များရဲ့ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အချက်အလက်များမှန်ကန်မှု ရှိ၊ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sales လုပ်ငန်းမှတ်ပုံတင် လက်မှတ်များထုတ်ပေးသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ရှိ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် ပတ်သက်၍ အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)