စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးနေလင်းနှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ် ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/မရှိ ကို (၃.၂.၂၀၂၅) ရက်နေ့ ၊နံနက်(၀၉:၀၀)အချိန်တွင် အလင်းအိမ်မက် အိမ်အလှဆင် ဝန်ဆောင်မှုလုပ်ငန်း အမှတ်(၅၀၀) ၊တဂေါ(၄)လမ်း၊(၅)ရပ်ကွက်၊တောင်ဥက္ကလာပမြို့နယ် သို့ သွားရောက်၍ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များမေးမြန်းခြင်း၊ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုနှင့် ပတ်သက်၍ အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)