![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/66_2.png?itok=zcdA-aDM)
မြန်မာနိုင်ငံသည် စပါးကိုအဓိကထား၍ စိုက်ပျိုးကြသလို ဆီဖူလှုံရန်အတွက် ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ မြေပဲနှင့် နေကြာသီးနှံတို့အပြင် ကျန်သီးနှံများဖြစ်သော ပဲ၊ ပြောင်း၊ ဝါ တို့ကိုလည်းစိုက်ပျိုးကြပါသည်။ ဆီထွက်သီးနှံများကို စိုက်ပျိုးခြင်းဖြင့် နိုင်ငံအတွက် စားသုံးဆီဖူလှုံ နိုင်မည်အပြင် ဒီထက်မကပိုလျှံပါက ပြည်ပသို့လည်းတင်ပို့လာနိုင်မည်ဖြစ်ကြောင်းသိရသည်။
ဆန်စပါးအများဆုံးစိုက်ပျိုးသောနိုင်ငံဖြစ်သည့်အတွက် စွန့်ပစ်ပစ္စည်းဖြစ်သောဖွဲနုကို တိရိစ္ဆာန်အစာအဖြစ်သာအသုံးပြုခြင်းမပြုဘဲ တန်ဖိုးမြှင့်ပြီးဖွဲနုမှ ဆီများထုတ်လုပ်လာနိုင်လျင် ပြည်တွင်းစားသုံးဆီအဖြစ် တစ်တောင့်တစ်နေရာမှ အထောက်အကူပြု မည်ဖြစ်ပါသည်။ ဖွဲနုတွင် စပါး၏ဆီပါဝင်မှုနှုန်း ၇၅% ကျော် အထိရှိပြီး၊ အားသာချက်အနေဖြင့် အရသာနှင့်အနံ့မရှိခြင်း၊ အခြားဆီကဲ့သို့ စေးပျစ်မှုမရှိခြင်းတို့ဖြစ်ပါသည်။ ဖွဲနုဆီမှာ ဟင်းများချက်ပြုတ်၊ ကြော်လှော်ခြင်းဖြင့် မူလဟင်း၏အနံ့၊ အရသာတို့ကို ဆီကြောင့်မပြောင်းလဲနိုင်ဘဲ အားသာချက်မှာ ဆီကြောင့်လည်ချောင်းထဲတွင် ဆီကပ်မနေသဖြင့် ကျန်းမာရေးနှင့်ကိုက်ညီသော စားသုံးဆီဖြစ်ပါသည်။ ဖွဲနုဆီသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ပေါ်လာခဲ့သော်လည်း လူသိနည်းသဖြင့် အသုံးပြုမှုနည်းတာတွေ့ရပါသည်။ ဖွဲနုမှတစ်ဆင့်တန်ဖိုးမြှင့်ထုတ်ကုန် ဖွဲနုဆီကို ကျယ်ပြန့်စွာအသုံးပြုလာနိုင်မည်ဆိုပါက ကျန်းမာရေးအထောက်အကူပြု စားသုံးဆီအဖြစ် အသုံးပြုလာ နိုင်မည်ဖြစ်ပါသည်။ ဆီကြိတ်ပြီးထွက်ရှိလာသော ဖွဲနုကြိတ်ဖတ်အား တိရိစ္ဆာအစားအစာအဖြစ် အသုံးပြုနိုင်မည်ဆိုလျင် တိရိစ္ဆာန်အစာထုတ်လုပ်မှုဈေးကွက်တွင်လည်း ဖွဲနုကုန်ကြမ်းဈေးထက် ဈေးနှုန်းများသက်သာလာမည်ဖြစ်ပါသည်။
ထို့ကြောင့် တန်ဖိုးမြှင့်ထုတ်ကုန်ဖွဲနုမှတစ်ဆင့် ဖွဲနုဆီကို ကျယ်ပြန့်စွာ ထုတ်လုပ်လာ နိုင်မည်ဆိုလျှင် ပြည်ပမှ မှာယူတင်သွင်းလာသော စားအုန်းဆီအစား ပြည်တွင်းဖြစ် ဖွဲနုဆီကို သုံးစွဲမည်ဆိုပါက ပြည်တွင်းစားသုံးဆီဖူလှုံရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)