စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း လုပ်ငန်းရှင်ပေါင်း ၅၃ ဦးက အပ်နှံလာသော သီးနှံအမျိုးအစား ၂၁ မျိုး၊ စုစုပေါင်းနမူနာအရေအတွက် ၁၄၃ ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၅၀၀ ခု ကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ နယ်သာလန်နိုင်ငံနှင့် အိုင်ယာလန်နိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် ဆန်ဖြူ၊ နှမ်းနက် (သိပ္ပံ)၊ ပဲတီစိမ်း၊ ပဲလွန်း၊ ပဲတီစိမ်း အခွံချွတ်ခွဲခြမ်း၊ မတ်ပဲ အခွံချွတ်ခွဲခြမ်း၊ မတ်ပဲ၊ ပဲစဉ်းငုံအခွံချွတ် ခွဲခြမ်း၊ ဆန်ကွဲ၊ မြေထောက်ပဲ၊ အခွံပါနှမ်းဆီ၊ အခွံချွတ်နှမ်းဆီ၊ အခွံချွတ်နှမ်းစေ့၊ အခွံချွတ် နှမ်းဖတ်၊ ပြုတ်ဆန်(ပေါင်းဆန်)၊ ထောပတ်ပဲ၊ ဆန်ညို၊ ပြောင်း၊ မြေပဲဆီ၊ ရှမ်းနှမ်းလုံးတို့တွင် ဓာတုအရည်အသွေး၊ ပိုးသတ်ဆေးဓာတ်ကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှုစသည့် ဓာတ်ခွဲစမ်းသပ် စစ်ဆေး ခြင်းကိုလည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းလာသည့် စားအုန်းဆီများ၏ အရည်အသွေး များကိုလည်းကောင်း ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးဓာတ်ကြွင်းဓာတ်ခွဲခန်းမှ ၅၇ ခု၊ မှိုဆိပ်ဓာတ်ခွဲခန်းမှ ၉ ခု၊ ဆီနှင့် ဆီထွက်သီးနှံဓာတ်ခွဲခန်းမှ ၄၁၃ ခု၊ သီးနှံဓာတုဓာတ်ခွဲခန်းမှ ၁၈ ခု၊ သီးနှံရူပဓာတ်ခွဲခန်းမှ ၃ ခု၊ စုစုပေါင်းဓာတ်ခွဲစမ်းသပ်မှု ၅၀၀ ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။
သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ
DOCA(ITQM)