ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့နယ်စည်ပင်၊ မီးသတ်ဌာနများနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃.၂.၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်း အမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကန်ကြီးထောင့်မြို့နယ်မှ ဝန်ထမ်းများသည် ကုန်မျိုးစုံဆိုင်များ၌ ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် အချက်များ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း(၁၈) ပါ ပုဒ်မ (၄)နှင့် (၄၃)တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ပါဝင်ရမည့် အချက်များ မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များကို ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း ကုန်အညွှန်း အမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့် ကုန်စည်များအား လုပ်ငန်းရှင်မှ ရောင်းချခြင်းမပြု ကြရန်နှင့် အထူးအလေးပေးလိုက်နာဆောင်ရွက်နိုင်ရေး ရှင်းလင်းပြော ကြားခဲ့ ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)