စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသည့်ဆိုင်များတွင် နှင်းသီး(ခေါ်)လောင်ကန်သီများကို လှိုင်လှိုင်ရောင်းချနေကြောင်း သိရသည်။နှင်းသီး(ခေါ်)လောင်ကန်သီးများကို စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့မှဝယ်ယူ ရောင်းချလျက်ရှိကြောင်း သိရသည်။
နှင်းသီး(ခေါ်)လောင်ကန်သီးသည် အရည်ရွှမ်း၍ ချိုပြီးအရသာရှိသော အသီးဖြစ်သောကြောင့်သရေစာအဖြစ် စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးအပတ်အတွင်း နှင်းသီး(ခေါ်)လောင်ကန်သီးဈေးနှုန်းမှာ နှင်းသီး(ခေါ်)လောင်ကန်သီး (၂၅)ကျပ်သားလျှင် (၄၀၀၀)ကျပ်နှင့် နှင်းသီး(ခေါ်)လောင်ကန်သီး (၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်ရှိခဲ့ရာ ဖေဖော်ဝါရီ လပထမပတ်အတွင်း နှင်းသီး(ခေါ်)လောင်ကန်သီး (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်နှင့် နှင်းသီး (ခေါ်)လောင်ကန်သီး(၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ယခင်အပတ်ဈေးနှုန်း များနှင့်ယှဉ်ပါက ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း၊ လူကြီးလူငယ်မရွေးကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှသတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)