ညောင်တုန်း ကြိမ်ချောင်း အ.မ.က ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ ကြိမ်ချောင်း အ.မ.က ကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်း ဆေးပညာ‌ရေးဦးစီးဌာန၊ ပြည်သူကျန်းမာရေးဦးစီးဌာန တို့ ပူးပေါင်းပါဝင်၍ ကျောင်း အသိပညာ ပေးဟောပြောခြင်းကို ၃.၂.၂၀၂၅ ရက်နေ့ နေ့လယ် (၁၀:၀၀)နာရီအချိန်တွင် အသိပညာပေး ဟောပြောခြင်း ပြုလုပ်ခဲ့ကြသည်။

      အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  အဖွင့်အမှာစကားပြောကြားပြီး လူငယ်များကျောင်းစာအပြင် ပြင်ပ ဗဟုသုတစာပေများဖတ်ကြား နိုင်ရေးနှင့် ဌာနဆိုင်ရာ အသိပညာနှင့် သတ်မှတ်ထားသည် နည်းဥပဒေများကို သိရှိလေ့လာနိုင်ရေး၊ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း ဟောပြောခဲ့ပြီးနောက်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးရုံးက ဒေါ်ချိုမီဇင်(ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေး အသိ ပညာပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ် ကျောင်းသား၊ ကျောင်းသူများ မိမိတို့ကျောင်းတွင် ဝယ်ယူ စားသောက်နေသော မုန့်များကို ရွေးချယ်ဝယ်ယူစားသောက်ရာတွင် စားသုံးသူကာ ကွယ်ရေးဥပဒေ (၂၀၁၉)အခန်း (၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် စပ်လျဉ်း၍ ကြည်ရှုဝယ်ယူရမည့် အချက်အလက်များ ဖြစ်သည့် ကုန်စည်အမျိုးအစား၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေး ဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်း ‌ဖော်ပြချက်နှင့် ကြိုတင် သတိပေးချက်တို့သည် မဖြစ်မနေ ပါဝင်ရမည်ဖြစ်၍ သတိပြုလေ့လာ၍ ဝယ်ယူအသုံးပြုရန် ကိုလည်းကောင်း ကြည့်ရှုဝယ်ယူတက်စေရန် ရှင်းလင်းဟောပြောခြင်း၊ ကုန်စည်ကြောင့် စာ’သုံးသူ အခွင့်အရေး ထိခိုက်နစ်နာမှု ရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် နည်းလမ်း (၇)မျိုး ရှိကြောင်း www.doca.gov.mm   တွင်ဝင်ရောက်တိုင်ကြားနိုင်ကြောင်း။ Consumer call center 1535။ Doca Mobile Appဖြင့်လည်းကောင်း၊ ဦးစီးမှူးရုံးများရှိ CICCရုံးများသို့ လူကိုယ်တိုင် သော်လည်းကောင်း၊ ဖုန်းဖြင့်ဖြစ်စေ၊ စားသုံးသူကာကွယ်ရေး အသင်းအဖွဲ့များမှ လည်းကောင်း၊ CICC Nay PyiTaw FaceBook Page, Messengerသို့လည်းကောင်း၊ ConsumerWebsitedoca@gmail.com သို့တိုင်ကြားနိုင်ကြောင်းကို အကျယ်တဝင့် ရှင်းလင်း ဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ဆရာ/ဆရာမ (၈၀)ဦးတက် ရောက်ခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)