![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/8_12.png?itok=2K94Yo3g)
(၃.၂.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀)မှ (၁၁:၄၀)အချိန်ထိ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၊မိုးသပြုကျေးရွာ၊ဓနုဖြူမြို့နယ် ကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံ ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ယာဉ်ထိန်းအဖွဲ့ တို့နှင့်အတူ ဌာနဆိုင်ရာ အသိပညာပေး ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အဖွင့် အမှာစကားပြောကြားပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းအကြောင်း ဟောပြောဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက စားသုံးသူကာကွယ်ရေးလုပ်ငန်း စဉ်အကြောင်း ရှင်းလင်းခြင်း၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းအား ၉/၂၀၁၉ စားသုံးသူ ကာကွယ်ရေး ဥပဒေပြဌာန်းချက်များနှင့်အညီ အကောင်အထည်ဖေါ် ဆောင်ရွက် လျှက်ရှိကြောင်း၊ စားသုံးသူ ကာကွယ်ရေးပေါ်ပေါက်လာပုံ၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့ တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ (၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၈) ကုန်အညွှန်း အမှတ်အသား များ ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ) တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုတို့ ဝယ်ယူ အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း များအကြောင်း စားသုံးသူရေး ရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် များအကြောင်း Website တွင် ဝင်ရောက်လေ့ လာနိုင်ကြောင်း၊ တိုင်ကြားနိုင်သည့်နည်းလမ်း (၇)မျိုးအကြောင်းတို့ကို ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ပြီး တက်ရောက်သူ ကျောင်းသား/သူ-၃၃၄ဦးနှင့် ဆရာ/ဆရာမ-၇ဦးကြောင်း သိရသည်။
DOCA (ဧရာဝတီ)