ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင် ၊ ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးဝင်းမင်းစိုး ဦးဆောင်သောပူးပေါင်းအဖွဲ့သည် ၊ ၃.၂.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၂ : ၀၀) အချိန်တွင် မိုးသပြုမကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ရောင်းချလျက်ရှိ သော ကျောင်းမုန့်ဈေးတန်းအား သွားရောက်စစ်ဆေးခဲ့ပါသည်။
ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် မိုးသပြု အ.ထ.ကကျောင်းမှ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ ဆရာမများ ၊ ဈေးကျောင်းကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ ကျောင်းမုန့် ဈေးတန်း ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေး အပါတ်စဉ် သန်းရှင်းရေး ဆောင်ရွက်နိုင်ရန် နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် အညီ ကိုက်ညီမှုမရှိသည့် ကုန်စည်များ မုန်းများကို ကျောင်းမုန့်ဈေးရောင်းချသူများက လက်ကားဆိုင်ကြီး များတွင် ဝယ်ယူပြီး မုန့်ဈေးတန်းတွင် ရောင်းချနိုင်ရန် ဈေးသည် (၅) ဦးအား အသိပေးပြောကြားခဲ့ပြီး ကျောင်းသူ/သူများကို ဘေးအန္တရာယ်ရှိသော ဆိုးဆေးနှင့် ရက် လွန်မုန့် များကို ရောင်းချခြင်းမပြုရန် စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်မည့် ပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါသည်။
DOCA (ဧရာဝတီ)