မအူပင်မြို့နယ်အဆင့် ဆရာ ဆရာမများအား ၂၀၂၅ခုနှစ် စဉ်ဆက်ပညာရေးလုပ်ငန်း (နည်ပြသင်တန်း)တွင် စားသုံးသူကာကွယ်ရေးနည်းဥပဒေအကြောင်း သင်ကြားပို့ချ

Powered by Drupal

(၄.၂.၂၀၂၅) ရက်နေ့ နေ့လည် (၁၅၀၀)မှ (၁၅၄၀)အချိန်ထိ မအူပင်အခြေခံပညာအထက်တန်း ကျောင်း အ.ထ.က -၁ သင်တန်းခန်းမတွင် မြို့နယ်အဆင့် အထက်တန်းပြကျောင်းအုပ် ဆရာ/ ဆရာမများကို စားသုံးသူကာကွယ်ရေးဥပဒေနှင့် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်း စရာများကို သင်ကြားပို့ချခဲ့သည်။

စားသုံးသူရေးရာဦးစီးဌာန ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး ဦးစီးအရာရှိက အ.ထ.က-၁ ကျောင်း ခန်းမတွင် သင်တန်းပို့ချရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကီဲးဌာန၏ လုပ်ငန်း ဆောင်ရွက်မှုများ၊ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာမှု အဆင့်ဆင့်နှင့် စားသုံးသူအခွင့်အရေး များ နစ်နာဆုံးရှုံမှုကို ဦးစီးဌာန တစ်ခုအဖြစ် ကာကွယ်ဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ်များ အကြောင်း ကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၂၁၉ခုနှစ် မတ်လ ၁၅ရက်နေ့က ပြည်ထောင်စုလွတ်တော် ဥပဒေအမှတ် ၉ အရ ရေးဆွဲထုတ်ပြန်ခဲ့ကြောင်းကိုလည်း ကောင်း၊ ဥပဒေ၏ရည်ရွယ်ချက်(၈)ချက်၊ ကော်မရှင်၊ ကော်မတီဖွဲ့စည်းဆောင်ရွက်ခြင်း၊ ကော်မရှင်/ ကော်မတီ၏ လုပ်ပိုင်ခွင့် နှင့် တာဝန်များ (၁၂)၊ (၈)ချက်ကိုလည်းကောင်း၊ ဦးစီးဌာန၏ လုပ်ပိုင်ခွင့်(၉) ချက်ကိုလည်းကောင်း၊ ၂၀၁၉ ဥပဒေတွင် ပါဝင်လာသော စစ်ဆေးရေးအရာ၇ှိ၏ လုပ်ငန်းတာဝန် (၁၁)ချက် ကိုလည်းကောင်း၊ သင်ကြားပို့ချခဲ့သည်၊ အွန်းလိုင်းစနစ်အသုံးပြု၍ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရောင်းချသူ လုပ်ငန်းရှင်များ မှတ်ပုံတင်လျှောက်ထားပြီးမှ ရောင်းချခွင့် ရရှိ မည်ဖြစ်၍ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်း(Online)စနစ်မှ တစ်ဆင့် ဝန်ဆောင်မှု ပေး၍ ရောင်းချသည့်လုပ်ငန်းကို အွန်လိုင်း(Online)စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းဟုဆိုလိုကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ (၂၀၂၃)ခုနှစ်၊ ဇူလိုင်လ (၂၁)ရက် အမိန့် ကြော်ညာစာအမှတ် (၅၁/၂၀၂၃)ဖြင့် ထုတ်ပြန်ခဲ့ပြီး အွန်လိုင်း (Online) စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းနှင့်စပ်လျဉ်း၍ အခွင့်အာဏာ အပ်နှင်းခြင်းခံရသည့် ကုန်သွယ်ရေး ဦးစီးဌာန၏ Website ဖြစ်သော www.ecomreg.gov.mm တွင်ဝင်‌ရောက်၍ လျှောက်ထား ရမည်ဖြစ်ကြောင်း၊ အွန်လိုင်း (Online)စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းနှင့်ပတ်သက်သည့် အချက်အလက်များ ကို Consumer Call Centre – 1535 သို့ဖြစ်စေ၊ ဖုန်းနံပါတ် - ၀၆၇-၄၀၈၄၆၄၊ ၀၆၇- ၄၀၈၂၂၆၊ ၀၆၇-၄၀၈၄၈၅ စသည့်နံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်းကို သင်ကြားပို့ချ ခဲ့ပြီး ဆရာ/ဆရာမ (၈၀)ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA (ဧရာဝတီ)