ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင် ၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးအောင်လွင် ဦးဆောင်သောပူးပေါင်းအဖွဲ့သည် ၊ ၄.၂.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၂ : ၀၀) အချိန်တွင် ပဲရုံဆိပ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ရောင်းချလျက်ရှိ သော ကျောင်းမုန့်ဈေးတန်းအား သွားရောက်စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ကျောင်းမုန့် ဈေးတန်းကို ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် ပဲရုံဆိပ် အ.လ.ကကျောင်းမှ ဆရာ/ ဆရာမများ ၊ ဈေးကျောင်း ကော်မတီအဖွဲ့ဝင်များနှင့်အတူ ကျောင်းမုန့် ဈေးတန်းတွင် မုန့်ရောင်းချသူများ တကိုယ် ရေကျန်းမာရေး ဂရုပြုနေထိုင်ရန်နှင့် မုန်းဈေးပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေး အပါတ်စဉ် ဆောင်ရွက်ရန် နှင့် ရောင်းချနေသော မုန့်များကို စားသုံးသူဘေးအန္တရာယ်ကင်းရှင်းသော ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် အညီ ကိုက်ညီမှုမရှိသည့် မုန့်များကို လက်ကားမုန့်ဆိုင်ကြီး များမှ ဝယ်ယူပြီး ကျောင်းမုန့်ဈေးတွင် ရောင်းချကြရန်၊ လက်သုတ်မုန့်များရောင်းချပါက လက်အိတ် သုံးပြီး အသုတ်များ ရောင်းချရန်၊ ဆိုးဆေးအန္တရာယ် အသိပြုရ အချိုရည်များ ရောင်းချခြင်း အပြုရန်တို့ကို အသိပေးပြောကြားခဲ့ပြီး ကျောင်းမုန့်ဈေး မုန့်ဆိုင် (၄)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA (ဧရာဝတီ)