ညောင်တုန်းမြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချသူ ဖူးပွင့်ခိုင်၊ ဗီးနပ် ဖက်ရှင်၊ ဖူးကော်စမတ်တစ်စတိုး၊ ပန်းဝတ်ရည်မင်း၊ မိုင်ဒေး မုန့်အအေး၊ မှတ်ပုံတင်လျှောက်ထားမှုနှင့် မြေပြင်အမှန်တကယ်ကိုက်ညီမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေး

Powered by Drupal

          (၃၁.၁.၂၀၂၅) ရက်မှ (၃.၂.၂၀၂၅) ရက်အတွင်း မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း အွန်းလိုင်းစနစ်ဖြင့်ရောင်းချသူ လုပ်ငန်းရှင် အွန်လိုင်းမှတ်ပုံတင် လျှောက်ထားသူ လုပ်ငန်း(၅)ဦး ရှိသဖြင့် ညောင်တုန်းမြို့နယ် စစ်ဆေးရေးအရာရှိ ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများ လျှောက်ထားသူ လုပ်ငန်းတည်နေရာနှင့် ရောင်းချသည့် ကုန်စည်များ လှောက်ထားသည့် အချက်အလက်များနှင့် ကိုက်ညီမှု ရှိ/မရှိကို မြေပြင်စစ်ဆေးခဲ့ကြသည်။

          မြေမြင်ကွင်းဆင်းစစ်ဆေးရာ ဒေါ်ချိုမီဇင် ဒု-ဦးစီးမှူးက လျှောက်ထားသည့် လုပ်ငန်းများ၏ လုပ်ငန်းတည်နေရာ၊ ပိုင်ရှင်လိပ်စာနှင့် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင် ထား ရှိသည့်အချက် အလက်များအား တိုက်ဆိုင်စစ်ဆေးခြင်း၊ DOCA Application  အသုံးပြု၍ အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိကို အတည်ပြုစစ်ဆေးခြင်း၊ မှတ်တမ်းဓါတ်ပုံတင်ခြင်းပြုလုပ်ခဲ့ပြီး၊ မြေပြင်စိစစ် ချက်များ ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိခဲ့ကြောင်းနှင့် လုပ်ငန်းရှင်များကို စားသုံးသူ ကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းနှင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ အကြောင်း ၊ ပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းတို့ကို လုပ်ငန်းရှင်များအား ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်

DOCA (ဧရာဝတီ)