ဟင်္သာတမြို့နယ် သီးနှံစိုက်တောင်သူများအားအသိပညာပေး ဟောပြောခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၃.၂.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဟင်္သာတခရိုင်/မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များနှင့်အတူ ဟင်္သာတမြို့၊ မြို့ကွင်းကျေးရွာ ရှိ ရှင်းလင်းဆောင်၌ သီးနှံစိုက်တောင်သူများအား  သုံးသီးစားသီးနှံ စိုက်ပျိုးနိုင် ရေးနှင့် စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

ဟောပြောပွဲတွင် ပထမဦးစွာ ခရိုင်စိုက်တိုးမြှင့်အဖွဲ့မှ မြို့ကွင်းလျှပ်စစ်မြစ်ရေတင် စီမံကိန်းဧက တွင် သုံးသီးစားသီးနှံစိုက်ပျိုးနိုင်ရေး အသိပညာပေးခြင်းများ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦး​မိုးကျော်က ဌာန၏လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း (၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ် ရေးဥပဒေပါ စားသုံးသူအခွင့်အရေး နှင့် တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန် ကုန်အညွှန်း အမှတ် အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ် ဝယ်ယူနိုင်ရန်၊ အစား အသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူ အသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆို တင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံး သူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေ ကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီး ဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များ အကြောင်း သိရှိလို ပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ကိုလည်းကောင်း စသည်တို့ကို အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)