ဇလွန်မြို့နယ် ပဲချောင်းလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးဆွေးနွေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်ဦးစီးမှူးသည်(၃.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)အချိန် တွင် ဇလွန်မြို့နယ်၊ဦးပုညလမ်း၊ညောင်ပင်ဈေးရပ်ကွက်ရှိ  “ချစ်ကိုလေး” ပဲချောင်းလုပ်ငန်းရှင်နှင့် တွေ့ ဆုံ၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊  ထုတ်ပိုးသည့် ကုန်စည်ပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့် ဖော်ပြရန်နှင့်  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည် များကိုသာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ် ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များ အကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေး ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)