ဧရာဝတီတိုင်းဒေသကြီး ဆီထွက်သီးနှံအထူးဇုန် ၂ အတွင်းရှိ ဆီထွက်သီးနှံ(နေကြာ)စံပြ စိုက်ခင်းများကြည့်ရှုစစ်ဆေး

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် တာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ဆီထွက် သီးနှံအထူးဇုန် ၂ အတွင်းရှိ ဆီထွက်သီးနှံ(နေကြာ)စံပြစိုက်ခင်းများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မအူပင်မြို့နယ်၊ တော်တလုပ်ကျေးရွာရှိ တောင်သူ ဦးသိန်းဇော်ဝင်း၏ နေကြာပန်းတိုင် အထွက်နှုန်းရရှိရေးစံပြကွက် (၂၀)ဧကတွင် အိန္ဒိယစပ်မျိုး နေကြာစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှုနှင့် နေကြာစပ်မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် (၁)ဧကကိုလည်းကောင်း၊ တောင်သူ ဦးသာစိုး၏ ဆောင်းနေကြာစံပြကွက် (၅)ဧကတွင် Supersun 41 မျိုး နေကြာ စိုက်ပျိုးထားရှိမှုကိုလည်းကောင်း၊ တောင်သူ ဒေါ်သန်းသန်းအေး၏ ဆောင်းနေကြာစံပြကွက် (၅)ဧကတွင် Supersun 41 မျိုး နေကြာစိုက်ပျိုးထားရှိမှုကိုလည်းကောင်း၊ တောင်သူ ဦးမြင့်သန်း၏ ဆောင်းနေကြာစံပြကွက် (၅)ဧကတွင် အိန္ဒိယစပ်မျိုး နေကြာ စိုက်ပျိုးထားရှိမှုကို လည်းကောင်း လိုက်လံကြည့်ရှုခဲ့ပြီး ပိုးမွှားအန္တရာယ်မကျရောက်စေရေး၊ ရေပေးသွင်းခြင်း၊ ပေါင်းမြက်နှိမ်နှင်းခြင်းနှင့် မြေဩဇာ အချိန် ကိုက် ထည့်သွင်းအသုံးပြုနိုင်ရေး၊ စားသုံးဆီဖူလုံရေး၊ သီးထပ်စွမ်းအား သီးနှံစိုက်စွမ်းအားများ တိုးတက်စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေး အတွက် ကြိုးစားဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများကို လိုက်လံ ကြည့်ရှုအားပေးခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး ဆီထွက်သီးနှံအထူးဇုန်-၂ အတွင်းရှိ မအူပင်မြို့နယ်၊ တော်တလုပ်ကျေးရွာအုပ်စုတွင် ဆီထွက် သီးနှံ နေကြာစိုက်ဧက (၂၅၀)ကျော် စိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)