![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/51_21.jpg?itok=NMmmdR0B)
ဥရောပသမဂ္ဂမဟုတ်သော နိုင်ငံများသို့ Slovenia ၏ ကုန်ပစ္စည်းတင်ပို့မှုသည် ၂၀၂၄ ခုနှစ် တွင် ၂၅ ရာခိုင်နှုန်း ခုန်တက်ခဲ့ပြီး ထိုနိုင်ငံများမှ တင်သွင်းမှု ၄၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း နိုင်ငံ၏ စာရင်းအင်းရုံးက ၄.၂.၂၀၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ Slovenia သည် ၂၀၀၄ ခုနှစ်တွင် အီးယူသို့ ဝင်ရောက်ခဲ့ပြီး ဆယ်စုနှစ်များစွာကြာ EU အဖွဲ့ဝင်နိုင်ငံများသည် ၎င်း၏အဓိကကုန်သွယ် ဖက်များဖြစ်လာခဲ့သည်။ သို့သော်လည်း ၂၀၂၄ ခုနှစ်တွင် EU မဟုတ်သောနိုင်ငံများမှ သွင်းကုန်များသည် အီးယူနိုင်ငံများမှ တင်သွင်းမှုကို ကျော်လွန်သွားခဲ့ပြီး EU အဖွဲ့ဝင်မဟုတ်သော နိုင်ငံများသို့ တင်ပို့မှုသည် EU နိုင်ငံများသို့ တင်ပို့မှုထက် ၂ ရာခိုင်နှုန်းအောက် လျော့နည်းခဲ့သည်။ အဓိကအားဖြင့် သွင်းကုန်ပမာဏ မြင့်မားမှုကြောင့် တရုတ်နိုင်ငံသည် Slovenia ၏ အဓိကကုန်သွယ်ဖက်များထဲမှ တစ်နိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံသို့ Slovenia ၏ ပို့ကုန်သည် ၂၀၂၄ ခုနှစ်တွင် ၆.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တရုတ်နိုင်ငံမှ တင်သွင်းမှု ၅.၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ဆွစ်ဇာလန်မှ တန်ဖိုးအားဖြင့် အများဆုံး တင်သွင်းခဲ့ပြီး ဂျာမနီ၊ တရုတ်၊ အိန္ဒိယနှင့် အီတလီနိုင်ငံ များမှလည်း တင်သွင်းခဲ့ကြောင်း အဆိုပါရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုအချိန်တွင် Slovenia ၏ အဓိကပို့ကုန်ဈေးကွက်များမှာ ဆွစ်ဇာလန်၊ ဂျာမနီ၊ ခရိုအေးရှား၊ အီတလီနှင့် သြစတြီးယားတို့ ဖြစ်သည်။ ဓာတုဗေဒပစ္စည်းများသည် နိုင်ငံ၏ စုစုပေါင်းပို့ကုန်၏ ၄၅.၆ ရာခိုင်နှုန်းနှင့်သွင်းကုန် စုစုပေါင်း၏ ၄၉.၅ ရာခိုင်နှုန်းရှိကြောင်း အဆိုပါရုံးက ထည့်သွင်းပြောကြားခဲ့သည်။ ဆလိုဗေးနီးယား ၏အဓိကပို့ကုန်များတွင် ဆေးဝါးထုတ်ကုန်များ၊ အိမ်သုံးပစ္စည်းများ၊ မော်တော်ကားများ၊ မော်တော်ကားအစိတ်အပိုင်းများနှင့် သတ္တုထုတ်ကုန်များ ပါဝင်သည်။ ယမန်နှစ်က နိုင်ငံ၏စုစုပေါင်း ပို့ကုန်သည် ၁၂ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ပြီး သွင်းကုန် ၂၁ ရာခိုင်နှုန်း တိုးလာကြောင်းသိရှိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)