![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/2_148.jpg?itok=Vd4j5XOB)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် စားသုံးသူများ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာစေရေး၊ အခွင့်အရေးနှင့် တာဝန်များအား သိရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပြဌာန်းချက်ပါ ကုန် အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်းဖော်ပြလာခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ်များ ကင်းရှင်းပြီး ဈေးကွက်များပိုမိုရရှိစေရန်ရည်ရွယ်၍ အသိပညာပေးခြင်းနှင့် လုပ်ငန်းရှင်တွေ့ဆုံခြင်းများ ကို စဉ်ဆက်မပြတ် ကွင်းဆင်းအသိပညာပေးလျက်ရှိပါသည်။
ပခုက္ကူခရိုင်အနေဖြင့် ဇန်နဝါရီလအတွင်းတွင် ဒုတိယခရိုင်ဦးစီးမှူး၊ ပခုက္ကူမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် ပခုက္ကူမြို့နယ်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း၊ အ.ထ.က(၁)၊ အ.ထ.က(၃)၊ အ.မ.က(၁၇)မူလွန်ကျောင်းများသို့ အသိပညာပေးခြင်း(၄)ကြိမ်၊ ပခုက္ကူမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းရှင်ထံသို့ (၁)ကြိမ်၊ အမှတ်(၃)ရပ်ကွက်ရှိ မန်ကျည်းယိုလုပ်ငန်းရှင်ထံသို့ (၁)ကြိမ်၊ အမှတ်(၂)ရပ်ကွက်ရှိ သစ်သီးယိုစုံလုပ်ငန်းရှင်ထံသို့(၁)ကြိမ်၊ အောင်သပြေရပ်ကွက်ရှိ ပေါင်မုန့်နှင့်ကိတ်မုန့် လုပ်ငန်းရှင်များ ထံသို့(၂)ကြိမ် စုစုပေါင်းလုပ်ငန်းရှင်တွေ့ဆုံမှု(၅)ကြိမ် သွားရောက်၍ အသိပညာပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ပခုက္ကူပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ မြိုင်မြို့နယ်တာဝန်ခံမှ မြိုင်ပြန်ဆက် ဦးစီးမှူးနှင့် Talk Show ဖြင့် အသိပညာပေးခြင်း(၁)ကြိမ်၊ ရေစကြိုမြို့နယ်တာန်ခံမှ ရေစကြို ပြန်ဆက်ဦးစီးမှူးနှင့် Talk Show ဖြင့် အသိပညာပေး ခြင်း(၁)ကြိမ် ဆောင်ရွက်ခဲ့ပြီး ဆိပ်ဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ လွတ်လပ်ရေးနေ့အထိမ်း အမှတ်အဖြစ် ဆရာ၊ ဆရာမ နှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးခြင်း(၁)ကြိမ်၊ အလယ်ပိုင်းရပ်ကွက်ရှိ အ.မ.က ကျောင်းသို့ အသိပညာပေး(၁)ကြိမ်၊ စုစုပေါင်း အသိပညာပေး(၂)ကြိမ်၊ အနောက်ပိုင်းရပ်ကွက်ရှိ ဓာတ်မြေဩဇာလုပ်ငန်းရှင်ထံသို့ (၁)ကြိမ်၊ ပတ္တမြားဈေးရှိ ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်ထံသို့ (၁)ကြိမ်၊ ယောဝရပ်ကွက်ရှိ “ဒေါ်အုန်းမြ” ပဲကြော်လုပ်ငန်းရှင်ထံ(၁)ကြိမ်၊ မြို့နယ် သမဝါယမဦးစီးဌာန၌ စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း(၁) ကြိမ်၊ စုစုပေါင်းလုပ်ငန်းရှင်(၄)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဂန့်ဂေါခရိုင်အနေဖြင့် မြို့မတောင်ပိုင်းရပ်ကွက်ရှိ မူလွန်ကျောင်းသို့ အသိပညာပေးခြင်း(၁)ကြိမ် နှင့် မြောက်ကုန်းရပ်ကွက်ရှိ ငှက်ပျောကြော်လုပ်ငန်းရှင်(၁)ကြိမ်တွေ့ဆုံ၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ပခုက္ကူနှင့်ဂန့်ဂေါခရိုင် စုစုပေါင်း အသိပညာပေး(၉)ကြိမ်နှင့် လုပ်ငန်းရှင်တွေ့ဆုံမှု(၁၀) ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)