တရုတ်နိုင်ငံသည် ဗီယက်နမ်၏ပီလောပီနံတင်ပို့ရာအကြီးမားဆုံးဈေးကွက်အဖြစ် ဆက်လက်ရပ်တည်

Powered by Drupal

          တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏ပီလောပီနံနှင့် ပီလောပီနံထုတ်ကုန်များ တင်ပို့ရာအကြီးမားဆုံးဈေးကွက်အဖြစ် ဆက်လက်ရပ်တည်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ အကောက်ခွန် အထွေထွေဦးစီးဌာန၏ အချက်အလက်များအရ သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၁.၁၅ ဘီလီယံတန်ဖိုးရှိသော ပီလောပီနံနှင့်ပီလောပီနံ ထုတ်ကုန် တန်ချိန် ၂.၆၂ သန်း ကိုတင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ပမာဏတွင် ၁၁.၁ ရာခိုင်နှုန်းနှင့် တန်ဖိုးတွင် ၁၁.၄ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ကြောင်း သိရပါသည်။ တရုတ် နိုင်ငံသည် အမေရိကန်ဒေါ်လာ ၁.၀၆ ဘီလီယံ တန်ဖိုးရှိသော တန်ချိန်စုစုပေါင်း ၂.၄၃ သန်း တင်သွင်းခဲ့သဖြင့် ဗီယက်နမ်၏ စုစုပေါင်းတင်ပို့မှုပမာဏ၏ ၉၂.၈၅ ရာခိုင်နှုန်းနှင့် တင်ပို့မှု တန်ဖိုး၏ ၉၁.၇၇ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသို့ တင်ပို့သည့်ပျမ်းမျှ ဈေးနှုန်းသည် တစ်တန်လျှင် ၄၃၅.၃ အမေရိကန်ဒေါ်လာရှိပြီး ၂၀၂၃ ခုနှစ်ကထက် ၀.၈ ရာခိုင်နှုန်းကျဆင်း ခဲ့ကြောင်း သိရပါသည်။ ထိုသို့ကျဆင်းမှုများရှိနေသော်လည်း ပီလောပီနံနှင့် ပီလောပီနံထုတ်ကုန် များသည် နှစ်စဉ်အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရရှိသည့် စိုက်ပျိုးရေးထုတ်ကုန်များထဲတွင် ပါဝင်နေကြောင်း သိရပါသည်။ ဗီယက်နမ်၏ ပီလောပီနံနှင့် ပီလောပီနံထုတ်ကုန်များ ပျမ်းမျှ တင်ပို့သည်ဈေးနှုန်းသည် တစ်တန်ကို ၄၄၀.၄ အမေရိကန် ဒေါ်လာရှိပြီး ၂၀၂၃ ခုနှစ်ကထက် ၀.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ ထိုသို့ ကျဆင်းမှုသည် တရုတ်နိုင်ငံတွင် တိရိစ္ဆာန်အစာ အတွက် ဝယ်လိုအားကျဆင်းသောကြောင့် ဖြစ်ကြောင်း သိရပါသည်။ ဥ‌ရောပသမဂ္ဂ၊ တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်အစရှိသည့် ဒေသများနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘော တူညီချက်များရှိသော်လည်း ထိုဈေးကွက်များ သို့ ထိုးဖောက်နိုင်မှုအကန့်အသတ်သာရှိသဖြင့် ဗီယက်နမ်၏ပီလောပီနံတင်ပို့မှုများသည် တရုတ် ဈေးကွက်ကို အလွန်အမင်းမီခိုနေရကြောင်း သိရပါသည်။ အခြားဈေးကွက်များနှင့်နှိုင်းယှဉ်ပါက စွန့်စားရမှုနှင့် ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ် နည်းပါးမှုနှင့် ဝယ်လိုအားမြင့်တက်လာမှု ကြောင့် ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံသည် ဗီယက်နမ်၏ပီလောပီနံအတွက် အားအကောင်းဆုံး ဈေးကွက် အဖြစ်ဆက်လက်ရပ်တည်နိုင်မည်ဟု ဗီယက်နမ်နိုင်ငံစက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနက မျှော်လင့်ထားကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံစိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ အဆိုအရ လတ်တလောတွင် ဗီယက်နမ်နိုင်ငံ ၌ နှစ်စဉ်ပီလောပီနံ တန်ချိန် ၁၃.၄ သန်းနှင့် ပီလောပီနံ အမှုန့် တန်ချိန် ၉.၃ သန်းထုတ်လုပ် နိုင်စွမ်းရှိသည့် ပီလောပီနံပြုပြင်ထုတ်လုပ်သည့်စက်ရုံ ၁၄၀ ကျော် ရှိကြောင်း သိရှိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)