ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုစီမံကိ်နး ၁၂ ခုကို မှတ်ပုံတင်ရန်လျှောက်လွှာများကို ပြန်လည်သုံးသပ်ဆွေးနွေးရန် ၄-၂-၂၀၂၅ ရက်နေ့က အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Chea Vuthy မှ ဥက္ကဋ္ဌ အဖြစ်ကြီးမှူးဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပြည်နယ်အစိုးရ အဖွဲ့များမှ ကိုယ်စာလှယ်များတက်ရောက်ခဲ့ကြသည်။ စုစုပေါင်းအရင်းအနှီး ကန်ဒေါ်လာ ၁၃၅ သန်းခန့်ရှိသော ရင်းနှီးမြှုပ်နှံမှု စီမံကိ်နး ၁၂ ခုတွင် အလုပ်အကိုင်ပေါင်း ၇,၀၀၀ ခန့်ဖန်တီး ပေးနိုင်မည်ဟုမျှော်မှန်းထားသည်။ အဆိုပါစီမံကိန်းများတွင် ဆေးဘက်ဆိုင်ရာပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် တပ်ဆင်ခြင်း၊ သတ္တုလုပ်ငန်းများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ ထုတ်လုပ်ခြင်း၊ အထည်ချုပ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းတစ်ခု၊ ၃၀ မဂ္ဂါဝပ် ဆိုလာဓာတ်အားပေးစက်ရုံ အပါအဝင် စက်မှုကဏ္ဍ ၁၁ ခုပါဝင်ကြောင်းသိရှိရပါသည်။
Source : Khmer Times
DOCA(ရန်ကုန်)