Minebea(Cambodia) သည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု မတည်ငွေကို အမေရိကန်ဒေါ်လာ ၇၀၀ သန်းနီးပါးအထိ တိုးမြှင့်ခဲ့

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံရှိ ဂျပန်ကုမ္မဏီကြီးတစ်ခုဖြစ်သည့် Minebea(Cambodia) ကုမ္မဏီသည် ၎င်းတို့၏တိုးချဲ့မှုတွင် အရင်းအနှီးထပ်မံရင်းနှီးမြှုပ်နှံရန်စီစဉ်နေပြီး စုစုပေါင်းရင်းနှီး မြှုပ်နှံမှုအမေရိကန်ဒေါ်လာ ၇၀၀ သန်းကျော်အထိ တိုးမြှင့်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) မှ ၄-၂-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Chea Vuthy နှင့် Minebea (Cambodia) မှ စီမံခန့်ခွဲရေးနှင့် လူ့စွမ်းအားအရင်းအမြစ်မန်နေဂျာ Kensuke Watanabe တို့က တွေ့ဆုံစဉ် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကို ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ အဆိုပါ အစည်းအဝေးတွင် လျှပ်စစ်ပစ္စည်းလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန်အတွက်ကုမ္မဏီ၏ လျောက်ထားမှုများ၊ ဥပဒေနှင့် စည်းမျဉ်ဆိုင်ရာ ကဏ္ဍမျာကို အဓိကထားဆွေးနွေးခဲ့ပြီး ယင်းတိုးချဲ့မှုတွင် ကုမ္မဏီမှနောက်ထပ် ကန်ဒေါ်လာ ၁၅ သန်း ရင်းနှီးမြှုပ်နှံရန်စီစဉ်ထား ကြောင်း (CDC) မှပြောကြားခဲ့သည်။ Minebea(Cambodia) ကုမ္မဏီသည် အမျိုးမျိုးသော လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်ခြင်းအတွက် ၂၀၁၁ ခုနှစ်မှစတင်၍ ကမ္ဘောဒီးယား နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ စတင်ခဲ့သော ကုမ္မဏီဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်တွင် ကန်ဒေါ်လာ ၂.၁၆ ဘီလီယံအထိရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၁.၇၉ ဘီလီယံမှ ၂၀.၁၁ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း အကောက်ခွန်နှင့် အခွန်ကြီးကြပ်မှုဦးစီးဌာန (GDCE) မှထုတ်ပြန်ထားခဲ့ကြောင်းသိရှိရပါသည်။

Source : Khmer Times

DOCA(ရန်ကုန်)