မြို့နယ်အဆင့် ဆရာ ဆရာမများအား ၂၀၂၅ခုနှစ် စဉ်ဆက်ပညာရေးလုပ်ငန်း (နည်ပြသင်တန်း) တွင် အွန်လိုင်းစနစ်ဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ရောင်းချသူလုပ်ငန်းရှင်များ မှတ်ပုံတင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အကြောင်းကို သင်ကြားပို့ချ

Powered by Drupal

(၅.၂.၂၀၂၅)ရက်နေ့ နေ့လည် (၃:၄၅)နာရီမှ (၁၄:၄၅)နာရီအချိန်ထိ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတနော် မြို့နယ်အဆင့်ဆရာ/ဆရာမများ အား COMMUNITY CENTRE(Pantanaw) ခန်းမတွင် အွန်လိုင်းစနစ်ဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ရောင်းချသူလုပ်ငန်းရှင်များ မှတ်ပုံတင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အကြောင်းကို  သင်တန်းပို့ချခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ  မြို့နယ်အဆင့် နည်းပြသင်တန်း ဟောပြော ပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က ပို့ချခဲ့သည့် အကြောင်းအရာ-မှာ အွန်လိုင်းစနစ်ဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ရောင်းချသူလုပ်ငန်းရှင်များ မှတ်ပုံတင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အကြောင်း သင်ကြားပို့ချခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန အနေနဲ့ စားသုံးသူများကို အကာအကွယ် ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင် လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများ အဆင့်ဆင့်ကို  အွန်လိုင်း(Online)စနစ်ဖြင့် ‌ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်၌ အမျိုး အစား (၂)မျိုးရွေးချယ်လျှောက်ထားနိုင်ပြီး မှတ်ပုံတင်လက်မှတ် လျှောက်ထားသူသည် ကုမ္မဏီ (သို့) စီးပွားရေးအဖွဲ့အစည်းဖြစ်ပါက မြန်မာနိုင်ငံ ကုမ္မဏီများ ဥပဒေအရဖြစ်စေ၊ အထူး ကုမ္မဏီ အက်ဥပဒေအရ ဖြစ်စေ၊ သမဝါယမ အသင်း ဥပဒေအရဖြစ်စေ အခြား တည်ဆဲ ဥပဒေတစ်ရပ်ရပ် အရဖြစ်စေ ဖွဲ့စည်းတည်ထောင်သော ကုမ္မဏီ (သို့) စီးပွားရေးအဖွဲ့အစည်း ဖြစ်ရမည်။ ကိုယ်ပိုင် အမည်သတ်မှတ်ချက်ဖြင့် တရားဝင် Website ရရှိထားသော ကုမ္မဏီ (သို့) စီးပွားရေးအဖွဲ့အစည်း ဖြစ်ရမည်။ အွန်လိုင်း(Online)စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မည့် နေရာကို တင်ပြနိုင်သော ကုမ္မဏီ (သို့) စီးပွားရေးအဖွဲ့အစည်း ဖြစ်ရမည်ဖြစ်ကြောင်း Ecomreg System တွင်ဝင်ရောက် တင်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပို့ချခဲ့ပြီး  မှတ်ပုံတင်လျှောက် ထားပြီးမှ ရောင်းချခွင့်ရှိပြီး သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်မှု မရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်ခံရမည်ဖြစ်ကြောင်းရှင်းလင်းပို့ချခဲ့ပြီး ဆရာ/ဆရာမ (၉၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)