စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ၆.၂.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန၊ လေးမျက်နှာ မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးနှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ဖွင့်လှစ်ရောင်းချနေသော “ရတနာထွန်း” ဆီစက်လုပ်ငန်း အား သွားရောက် စစ်ဆေးမှုများ ပြုလုပ်၍ကာ လုပ်ငန်းပိုင်ရှင် ဦးလှထွန်းနှင့်တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ လုပ်ငန်း ရှင်၏ တာဝန်များအကြောင်း ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ အကြောင်း နှင့် စားသုံးဆီပတ်သက်၍ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁) တို့အား အသိပညာပေး ဆွေးနွေးခြင်း များ ဆောင်ရွက်ခဲ့ပါသည်။
DOCA(ဧရာဝတီ)