ကြံခင်းမြို့နယ်ရှိ ပတ္တမြားပဲလှော်လုပ်ငန်းအား သွားရောက်စစ်ဆေး၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ၆.၂.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်း နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ဗိုလ်မြတ်ထွန်းလမ်း၊ မင်းသီရိ(၂)လမ်း၊ မြို့မရပ်ကွက်တွင် ရှိသော “ပတ္တမြား” ပဲလှော်လုပ်ငန်း အား သွားရောက် စစ်ဆေးမှုများ ပြုလုပ်၍ကာ လုပ်ငန်းပိုင်ရှင် ဦးစိုးညီလွင်နှင့်တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်၏တာဝန်များအကြောင်း နှင့်  ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များ အကြောင်းတို့အား အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

DOCA(ဧရာဝတီ)