မြောင်းမြခရိုင်အတွင်းရှိ စားသုံးဆီကားများ ရောက်ရှိမှုအခြေအနေတို့အား ကြီးကြပ်ဆောင်ရွက်ခြင်း

Powered by Drupal

စားသုံးသူပြည်သူများသည် စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့်ဝယ်ယူရရှိ နိုင်ရန် အတွက် နိုင်ငံတော်မှ ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ပေးခြင်း နှင့် ဆီရောင်းချမှုများကို ကြပ်မတ်မှုများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ဥပဒေနှင့်မညီ သိုလှောင်ရောင်းချမှုများ တွေ့ရှိ ရပါကစားသုံးသူရေးရာဦးစီးဌာနမှ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင် ရွက်လျက်ရှိရာ (၃.၂.၂၀၂၅ ရက်နေ့မှ ၄.၂.၂၀၂၅) ရက်နေ့အတွင်း တို့၌ မြောင်းမြ ခရိုင်အတွင်းသို့ ဆီကန်များထုတ်ယူလာသော စားသုံးဆီကားများ ရောက်ရှိမှုအခြေအနေများကို ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင် နှင့် ဆီလက္ကားကိုယ်စားလှယ် အဖွဲ့တို့ ပူးပေါင်း၍ ကြီးကြပ် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)