![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/2_152.jpg?itok=wyAul0nr)
၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့ ဆောင်းရာသီကာလတွင် ကရင်ပြည်နယ်ဒေသထွက် ကိုင်းခရမ်းချဉ်သီး ဈေးနှုန်း အနည်းငယ်ကျနေကြောင်း သိရသည်။
ကိုင်းခရမ်းချဉ်သီးကို ဘားအံမြို့ သံလွင်မြစ် နာဘေး အနီးတဝိုက် ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။ ကိုင်းခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ယခင်လ တွင် ကိုင်းခရမ်းချဉ်သီး အလုံးကြီးတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ကိုင်းခရမ်းချဉ်သီး အလုံးသေးတစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ယခုလ ကိုင်းခရမ်းချဉ်သီး အလုံးကြီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ကိုင်းခရမ်းချဉ်သီး အလုံးသေးတစ်ပိဿာလျှင်( ၂၀၀၀)ကျပ်၊ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်နေသော ဇန်နဝါရီလ နောက်ဆုံးအပတ်နှင့် ဖေဖော်ဝါရီလ ပထမအပတ် ဈေးနှုန်း နှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင် ကိုင်းခရမ်း ချဉ်သီးဈေးနှုန်း အနည်းငယ်ကျနေသည်ကိုတွေ့ရသည်။ ယခုလိုဈေး အနည်းငယ်ကျရခြင်းမှာ စိုက်ခင်းမှ ကိုင်းခရမ်းချည်သီးများ လှိုင်လှိုင်ထွက်ရှိနေခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။
DOCA(ကရင်)