ပြည်ပမှ တင်သွင်းသည့်ဆန်များအတွက် အမြင့်ဆုံးလက်လီဈေးနှုန်း ဖိလစ်ပိုင်အစိုးရ လျှော့ချ

Powered by Drupal

          ဖိလစ်ပိုင်နိုင်ငံတွင် စားနပ်ရိက္ခာစရိတ်ကြီးမြင့်မှုကြောင့် ရုန်းကန်နေရသော စားသုံးသူများ ၏ များစွာသောလိုအပ်ချက်များကို  ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်ပမှတင်သွင်းလာ သော ဆန်များအပေါ် အမြင့်ဆုံး အဆိုပြု လက်လီဈေးနှုန်း (MSRP) အား ဖေဖော်ဝါရီ ၅ ရက်နေ့မှ စတင်၍ တစ်ကီလိုဂရမ်လျှင် ၅၅ ပီဆိုနှုန်းသို့  လျှော့ချပေးမည်ဟု ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီး ဌာနက ပြောကြားခဲ့သည်။

          ယခင်က သတ်မှတ်ထားသည့် အမြင့်ဆုံးလက်လီဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ၅၅ ပီဆိုနှုန်း ဖြစ်ပါသည်။ စိုက်ပျိုးရေးအတွင်းဝန် Francisco P. Tiu Laurel Jr. က လာမည့် ရက်သတ္တပတ်များအတွင်း MSRP နှုန်းထားအား ဆက်လက်လျှော့ချသွားမည်ဖြစ်ပြီး မတ်လ အစောပိုင်းကာလတွင် တစ်ကီလိုဂရမ်လျှင် ပီဆို ၅၀ အောက်ရောက်ရှိရန် မျှော်လင့်ထားကြောင်း၊ ဖေဖော်ဝါရီလလယ်၌ ဆန်တစ်ကီလိုဂရမ်လျှင် ၅၂ ပီဆိုနှုန်းနှင့် နောက်ထပ် ရက်သတ္တနှစ်ပတ် အကြာတွင် ၄၉ ပီဆိုနှုန်းသို့ လျှော့ချရန် စီစဉ်ထားကြောင်း၊ ကမ္ဘာ့ဆန်ဈေးနှုန်းများ နိမ့်ကျမှုနှင့် အကောက်ခွန်လျှော့ချမှုတို့အရ ထိုသို့ ဈေးနှုန်းလျှော့ချမှုမှာ ဖြစ်သင့်သည့်အချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ဆန်ဈေးနှုန်း တည်ငြိမ်စေရန်နှင့် အခြေခံကုန်စည်များ၏ ဈေးနှုန်းကြီးမြှင့်မှုများကြောင့်  ဖိအားများကို လျှော့ချပေးရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုးပမ်းမှုအနေဖြင့် ဆန်တင်သွင်း သူများနှင့် လက်လီရောင်းချသူများ အပါအဝင် ဆန်လုပ်ငန်းနယ်ပယ်၌ ပါဝင်ဆောင်ရွက်သူများနှင့် ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေးပြီးနောက် ယခုကဲ့သို့ ဈေးနှုန်း လျှော့ချခြင်း ဖြစ်ပါသည်။

          အဆိုပါ ဆုံးဖြတ်ချက်သည် စားသုံးသူများအတွက် ဆန်ထောက်ပံ့မှုများကို ထိခိုက်စေခြင်း မရှိဘဲ အကျိုးရှိစေမည်ဖြစ်ကြောင်း၊ ဖိလစ်ပိုင်ရှိ စားသုံးသူသန်းပေါင်းများစွာအတွက် အဓိက စားနပ်ရိက္ခာဖြစ်သည့် ဆန်၏ စျေးနှုန်းကြီးမြှင့်မှုကို ထိန်းချုပ်ရာတွင် အရေးကြီးသော ခြေလှမ်း တစ်ရပ်အဖြစ် ရှုမြင်နိုင်ကြောင်း၊ ကုန်ကျစရိတ်များကို လျှော့ချခြင်းဖြင့် အထူးသဖြင့် ၀င်ငွေ နည်းသော အိမ်ထောင်စုများအတွက် ဆန်ပိုမိုဝယ်ယူနိုင်စွမ်းရရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာနက ဖော်ပြပါသည်။ အဆိုပါ ဦးစီးဌာနအနေဖြင့် ဈေးနှုန်းလျော့ချခြင်း အပြင် ဆန်ရောင်းလိုအားနှင့် စျေးကွက် အခြေအနေများကို အနီးကပ် ဆက်လက်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း သိရပါသည်။

Source: Department of Agriculture of Philippines, 4 Feb 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)