၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်-အိန္ဒိယကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ရောက်ရှိ

Powered by Drupal

          ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နှင့်အိန္ဒိယအကြား အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးသည် အမေ ရိကန်ဒေါ်လာ ၁၅ ဘီလီယံပတ်လည်ရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၄.၅ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံအကောက်ခွန်အထွေထွေဦးစီးဌာန၏ အဆိုအရ သိရပါသည်။ ထို ပမာဏထဲတွင် ဗီယက်နမ်မှ အိန္ဒိယသို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၉.၀၆ ဘီလီယံ(၂၀၂၃ ခုနှစ် ကထက် ၇.၆ ရာခိုင်နှုန်းမြင့်တက်) ရှိခဲ့ပြီး ပြန်လည်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံ(၀.၆ ရာခိုင်နှုန်းကျဆင်း)ရှိခဲ့ကြောင်း သိရပါသည်။ အဓိကပို့ကုန်ကဏ္ဍများကြီးထွားမှု ကြောင့် ဗီယက်နမ်သည် အိန္ဒိယအပေါ် ကုန်သွယ်ရေးပိုငွေပြခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ် ၏ အိန္ဒိယသို့ မိုဘိုင်းဖုန်းနှင့် အစိတ်အပိုင်းများတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံနီးပါး ရှိခဲ့ပြီး (၂၀၂၃ ခုနှစ်ကထက် ၄.၅ ရာခိုင်နှုန်း မြင့်တက်) စုစုပေါင်းတင်ပို့မှု၏ ၁၇.၅ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရပါသည်။ ကွန်ပြူတာများ၊ အီလတ်ထရောနစ်ထုတ်ကုန်များနှင့် အစိတ်အပိုင်း များတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ရှိခဲ့ပြီး စုစုပေါင်းတင်ပို့မှု၏ ၁၅.၆ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရပါသည်။ စက်ပစ္စည်းများ၊ အစိတ်အပိုင်းများနှင့် အပိုပစ္စည်းများတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၄၇ သန်းရရှိခဲ့ပြီး စုစုပေါင်းတင်ပို့မှု၏ ၉.၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရ ပါသည်။ လက်ဖက်၊ သစ်နှင့်သစ်ထုတ်ကုန်၊ ပင်လယ်စာ၊ ဝါး၊ ကြိမ်ပင်၊ ကော်ဇော၊ ရာဘာ ထုတ်ကုန်များ၊ မုန့်မျိုးစုံ၊ ချည်မျှင်များ၊ အဝတ်အထည်များနှင့် အထည်အလိပ်များ ပါဝင်သည့် များစွာသော အခြားပိုကုန်ကဏ္ဍများသည်လည်း အားကောင်းစွာကြီးထွားခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်၏ အိန္ဒိယသို့ တင်ပို့မှုများသည် ကွဲပြားခြားနားလျှက်ရှိပြီး နည်းပညာမြင့်ထုတ်ကုန်များ နှင့် စိုက်ပျိူးမွေးမြူရေးကုန်ပစ္စည်းများသည် အဓိကထားသည့် ဧရိယာများဖြစ်ကြောင်း သိရ ပါသည်။ အခြားတစ်ဖက်တွင်မူ ဗီယက်နမ်၏ အိန္ဒိယထံမှတင်သွင်းမှုမှာ ၎င်းတို့စုစုပေါင်းတင်သွင်း မှုတန်ဖိုး၏ ၁.၅၅ ရာခိုင်နှုန်းသာရှိကြောင်း သိရပါသည်။ ထို့ကြောင့် ဗီယက်နမ်သည် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံ ရရှိပြီး ၂၀၂၃ ခုနှစ်ကထက် ၂၂.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)