ဇန်နဝါရီလတွင် ဗီယက်နမ်၏ စိုက်ပျိုးမွေးမြူရေး-သစ်တော- ရေထွက်ကုန်တင်ပို့မှု ၅ ရာခိုင်နှုန်း ကျဆင်း

Powered by Drupal

          ဇန်နဝါရီလတွင် ဗီယက်နမ်၏ စိုက်ပျိုးမွေးမြူရေး-သစ်တော-‌ရေထွက်ကုန် တင်ပို့မှုတန်ဖိုးမှာ ခန့်မှန်း အမေရိကန်ဒေါ်လာ ၅.၀၈ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလနှင့်နှိုင်းယှဉ်ပါက ၄.၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန (MARD) အဆိုအရ သိရပါသည်။ ထိုစုစုပေါင်းတန်ဖိုးပမာဏထဲတွင် စိုက်ပျိုးရေး ထုတ်ကုန်တင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၆၄ ဘီလီယံ( ၂၀၂၄ ခုနှစ် ဇန်နဝါရီလ နှင့်နှိုင်းယှဉ်ပါက ၆.၂ ရာခိုင်နှုန်းကျဆင်း)၊ မွေးမြူရေးထုတ်ကုန်တင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေ ရိကန်ဒေါ်လာ ၃၉ သန်း( ၂၀၂၄ ခုနှစ်ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက ၉.၃ ရာခိုင်နှုန်းကျဆင်း)၊ ရေ ထွက်ကုန်တင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၇၅၀(၂၀၂၄ ခုနှစ်ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက ၀.၃ ရာခိုင်နှုန်းမြင့်တက်) နှင့် သစ်တောထွက်ကုန်တင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေ ရိကန်ဒေါ်လာ ၁.၅ ဘီလီယံနီးပါး (၂၀၂၄ ခုနှစ်ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက ၄.၈ ရာခိုင်နှုန်း ကျဆင်း) ရရှိခဲ့ကြောင်း သိရပါသည်။ များစွာသော အဓိကစိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တင်ပို့မှုမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက တန်ဖိုးတွင် ကျဆင်းခဲ့ကြောင်း သိရပါသည်။ သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှာ ခန့်မှန်းအမေရိကန်ဒေါ်လာ သန်း ၄၀၀ တန်ဖိုးရှိပြီး ၁၈.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ တင်ပို့မှုအားလုံးနီးပါးကျဆင်းခဲ့သော်လည်း အချို့ကုန်ပစ္စည်းများ တင်ပို့မှုတန်ဖိုးမှာ စံချိန်တင် ကြီးထွားခဲ့ကြောင်း သိရပါသည်။ ကော်ဖီတင်ပို့ မှုမှာ ခန့်မှန်းတန်ချိန် ၁၄၀၀၀၀ ရှိပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၆၃ သန်း ရရှိခဲ့ကာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလနှင့်နှိုင်းယှဉ်ပါက ပမာဏတွင် ၄၁.၁ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း တန်ဖိုးတွင် ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဇန်နဝါရီလတွင် ဗီယက်နမ်ကော်ဖီတင်ပို့သည့် ပျမ်းမျှ ဈေးနှုန်းမှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၅၄၅၀ ရှိပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလကထက် ၇၈.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ရာဘာတင်ပို့မှုမှာ တန်ချိန် ၁၈၀၀၀၀ ရှိပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၄၁ သန်းရရှိခဲ့ကာ ပမာဏတွင် ၁၄.၅ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း တန်ဖိုးတွင် ၁၄.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အာရှတိုက်သည် ဗီယက်နမ်၏ စိုက်ပျိုးမွေးမြူရေး-သစ်တော-ရေထွက်ကုန်တင်ပို့ရာ အကြီးမားဆုံးဈေးကွက်အဖြစ် ရပ်တည်နေ ပြီး စုစုပေါင်းတင်ပို့မှု၏ ၄၇.၉ ရာခိုင်နှုန်းရှိကာ ၎င်းတို့၏နောက်တွင် အမေရိက( ၂၃.၈ ရာခိုင်နှုန်း)၊ ဥရောပ( ၁၁.၄ ရာခိုင်နှုန်း)၊ အာဖရိက(၁.၈ ရာခိုင်နှုန်း)နှင့် Oceania(၁.၅ ရာခိုင်နှုန်း) တို့ ရပ်တည်နေကြောင်း သိရပါသည်။ ဇန်နဝါရီလတွင် အမေရိက၊ အာရှနှင့် ဥရောပသို့တင်ပို့မှု မှာ ကျဆင်းခဲ့ကြောင်း သိရပါသည်။ ‌ဇန်နဝါရီလတွင် အမေရိကဒေသသို့တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၁.၂၁ ဘီလီယံ တန်ဖိုးရှိပြီး အာရှသို့တင်ပို့မှု (အမေရိကန်‌ဒေါ်လာ ၂.၄၃ ဘီလီယံ)နှင့် ဥ‌ရောပသို့တင်ပို့မှု( အမေရိကန်ဒေါ်လာ ၅၇၇ သန်း) ရှိခဲ့ကြောင်း သိရပါသည်။ MARD ၏ အဆိုအရ ဇန်နဝါရီလတွင် ဗီယက်နမ်သည် ပြုပြင်ထုတ်လုပ်တင်ပို့ရန်အတွက် အမေရိကန် ဒေါ်လာ ၃.၉ ဘီလီယံ တန်ဖိုးရှိသော စိုက်ပျိုးမွေးမြူရေး-သစ်တော-ရေထွက်ကုန်များ တင်သွင်း ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလထက် ၁၁.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)