
သုံးခွမြို့နယ်၊ ဖေဖော်ဝါရီလ (၇) ရက်
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သုံးခွမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲတီစိမ်း ၁၃၉၅၇၆ ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီးလျာထားဧက ရာနှုန်းပြည့်စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးပြီး ပဲတီစိမ်းသီးနှံများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
သုံးခွမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲတီစိမ်းလျာထား ၁၃၉၅၇၆ ဧက ပြည့်မှီအောင် စိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယခု အချိန်တွင်ရာနှုန်းပြည့် စိုက်ပျိုးနိုင်ခဲ့ပြီး ပဲတီစိမ်းစိုက်ပျိုးချိန်မှာ အထွက်နှုန်းတိုးတက်အောင် ်စိုက်နည်းစနစ်မှန်ကန်စေရေးဒေသနှင့်ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်များ ရွေးချယ် စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေး ၊ ပိုးသတ် ဆေးစနစ်တကျ အသုံးပြုနိုင်ရေး သီးနှံများတွင် ပိုးသတ် ဆေးဓာတ်ကြွင်းဓာတ်ကျန်များ မဖြစ်ပေါ်စေရေးစတဲ့ စိုက်ပျိုးရေးဆိုင်ရာ တောင်သူအသိပညာ ပေးလုပ်ငန်းများအား သက်ဆိုင်ရာဌာနများအနေဖြင့် ဆောင်ရွက်ပေး လျက်ရှိကြောင်း သုံးခွမြို့နယ်အနေဖြင့် ပဲတီစိမ်းသီးနှံစိုက်ဧကများ ပိုမိုတိုးချဲ့စိုက်ပျိုးပြီး အထွက်နှုန်း တိုးတက်အောင် စိုက်ပျိုးမည်ဆိုပါက ပဲတီစိမ်းသီးနှံသည် နိုင်ငံခြားဝင်ငွေရှာဖွေပေးနေသော အဓိက ပဲသုံးမျိုးတွင် တစ်မျိုးအပါအဝင်ဖြစ်သည့်အတွက် တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာနိုင် မည်ဖြစ်ပြီး နိုင်ငံတော်အတွက်လည်း ပြည်ပဝင်ငွေတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
DOCA(ရန်ကုန်)