“ ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုး ရာသီတွင် ခရမ်းမြို့နယ်၌ ပဲတီစိမ်းသီးနှံလျာထားဧက စိုက်ပျိုးပြီး သီးနှံများဖြစ်ထွန်း အောင်မြင် လျက်ရှိ”

Powered by Drupal

ခရမ်းမြို့နယ်၊  ဖေဖော်ဝါရီ  () ရက်

 ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်း မြို့နယ်တွင် ပဲတီစိမ်းလျာထား ၁၀၄၅၅၈ ဧက ရာနှုန်းပြည့်စိုက်ပျိုးနိုင်ခဲ့ပြီး သီးနှံအထွက် နှုန်းတိုးတက်စေရန် လိုအပ်သော စိုက်ပျိုးရေးသွင်းအားစုများ ထည့်သွင်းခြင်းနှင့် ပိုးမွှားရောဂါ အန္တရာယ်မကျရောက်စေရေး ကြိုတင်ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများ အစဉ်တစိုက်ဒေသခံ တောင်သူများက ကြိုးပမ်းဆောင်ရွက်မှုကြောင့် စိုက်ပျိုးပြီး ပဲတီစိမ်းသီးနှံများ ဖြစ်ထွန်း အောင်မြင်လျက်ရှိကြောင်း သိရသည်။

ခရမ်းမြို့နယ်တွင် ယခုဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲတီစိမ်းသီးနှံလျာထားဧက ပြည့်မီ နိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှ စတင်စိုက်ပျိုးခဲ့ပြီး လက်ရှိအချိန်တွင် ရာနှုန်းပြည့်စိုက်ပျိုး နိုင်ခဲ့ကာ စားရေးရိက္ခာဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့ ရည်ရွယ်ပြီး စိုက်ပျိုးပြီးစီး တဲ့ ပဲတီစိမ်းစိုက်ခင်းတွေကို သီးနှံအထွက်နှုန်းကောင်းမွန်အောင် မြို့နယ်စိုကိပျိုးရေးဦးစီးဌာနအနေ ဖြင့်လည်း တောင်သူအသိပညာပေးလုပ်ငန်းများ ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိပြီး ပဲစိုက်တောင်သူ တွေက ကြိုးပမ်းလုပ်ကိုင်နေကြကြောင်း သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းတိုးတက်အောင်မြင်စွာ စိုက်ပျိုးနိုင်ပါက  ပဲတီစိမ်းကို ပြည်တွင်းစားသုံးမှုထက် ပြည်ပသို့ ပိုမိုတင်ပို့နေသော သီးနှံဖြစ်သည့် အတွက် နိုင်ငံခြားဝင်ငွေရှာဖွေပေးနေသော သီးနှံတစ်မျိုးဖြစ်ပြီး နိုင်ငံတော်အစိုးရမှ စိုက်ပျိုးထုတ် လုပ်သူများအား ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့စိုက်ပျိုးထုတ်လုပ်သည့်လုပ်ငန်းများ ပိုမိုအောင်မြင်ရေးကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သိရသည်။

DOCA(ရန်ကုန်)